အပိုင်း ၈၆ - ခရိုင်မြို့သို့ အလည်တစ်ခေါက်

289 31 0
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၈၆ - ခရိုင်မြို့သို့ အလည်တစ်ခေါက်

ဟန်အိုက်​ကောက အံ့သြသွားပေမယ့် စုယွဲ့ ခါးကိုဖက်ကာ မေးလိုက်သည်။  " ပြောလေ ဘာ​လိုချင်လို့လဲ "

စုယွဲ့က သူမအကြံကို ဟန်အိုက်ကော ကြိုသိနေတာကြောင့် ရယ်လိုက်သည်။ " မြို့ပေါ်မှာ အိမ်တစ်လုံးလောက် ၀ယ်ကြရအောင်။ အဲ့လိုဆို အိုက်မင် ကျောင်းတက်ရင်းလည်း နေလို့ရသလို နောက်ကြ ကျွန်မတို့နေချင်ရင် နေလို့ရတာပေါ့ " ခရိုင်မြို့က အနာဂတ်မှာ အချက်အချာကျတဲ့ မြို့ဖြစ်လာပြီး စီးပွားရေးတွေလည်း တိုးတက်လာကာ အိမ်စျေးတွေလည်း မိုးထိုးမတက် တက်သွားလိမ့်မည်။ ဒါကြောင့် အခု၀ယ်ထားတော့ မကောင်းဘူးလား။

ဟန်အိုက်ကောက စုယွဲ့စကားဆို အကုန်သဘောတူပေးခဲ့ကာ အမြဲတမ်းလည်း သဘောတူပေးနေမည့်သူဖြစ်သည်။ ထို့ကြောင့် ချက်ချင်း ခေါင်းညိတ်ပြခဲ့သည်။ " ဒါဆို ကိုယ် ရှာကြည့်လိုက်မယ်။ ရောင်းမယ့်သူရှိလာရင် ကိုယ် မင်းကို ခေါ်သွားပေးမယ် "

စုယွဲ့ ဟန်အိုက်​ကောကို ဖက်လိုက်ကာ နမ်းလိုက်ပြီးရွှန်းလဲ့သော အကြည့်များဖြင့် ကြည့်လိုက်သည်။ ဒီလောက် ကောင်းတဲ့ယောက်ျားမျိုး သူမမှာ ရှိနေတာပဲ။

ဟန်အိုက်ကောက သူ့ ဇနီးလေးဆီကနေ အဲ့လို အကြည့်မျိုးကို မခုခံနိုင်တာကြောင့် ချက်ချင်း စုယွဲ့ကို ကောက်ပွေ့လိုက်ပြီး စကားဆက်မပြောချင်တော့ပေ။ စုယွဲ့ကို အောက်ဖိထားလိုက်ကာ အဟန့်အတားတွေကို ဆွဲဖယ်ပြီး အလုပ်ကြိုးစားတော့သည်။

_ _ _ _

ဟန်အိုက်ကောက လ၀က်အကြာ၌ အိမ်ကောင်းတစ်လုံးက်ို ရှာတွေ့သွားသည်။ ထိုအိမ်က မြို့လယ်မှာ တည်ရှိနေတာဖြစ်ပြီး ကျောင်းကလည်း မျက်နှာချင်းဆိုင်တွင် ရှိတာဖြစ်သည်။ တည်နေရာက အလွန်ကောင်းမွန်ကာ ကျောင်းနဲ့လည်း နီးတာကြောင့် စုယွဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသည်။

ပိုင်ရှင်က အခြားမြို့ကို ပြောင်းရမှာဖြစ်တာကြောင့် အိမ်ကို အမြန်ရောင်းထုတ်ချင်နေတာပင်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now