အပိုင်း ၇၀ - ကလေးနှစ်ယောက်

369 34 0
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၇၀ - ကလေးနှစ်ယောက်

ရှိနေကြသူများမှာ စကားမဆိုရဲကြဘဲ သွေးခုန်နှုန်းစမ်းတာရဲ့ အဖြေကိုသာ စောင့်နေကြသည်။

တိတ်ဆိတ်နေသဖြင့် စုယွဲ့ စိတ်လှုပ်ရှားလာကာ အဘိုးအို၏ မျက်နှာကို သေချာလိုက်ကြည့်နေမိသည်။ တစ်ခုခုမှားနေသည့် အမူအရာမျိုးကို မြင်ရမလားလို့ တွေးကာ ဗိုက်ထဲမှ ကလေးများ တစ်ခုခုဖြစ်နေတယ်လို့ ပြောလာမလားလို့ စိုးရိမ်နေခဲ့သည်။ 

သို့သော်လည်း အဘိုးအိုကတော့ စဥ်းစားနေသည့်ပုံကလွဲ၍ အခြားသောအမူအရာများကို မပြပေ။

အဘိုးအိုက ငါးမိနစ်ခန့်ကြာအောင် စမ်းသပ်နေပြီးမှသာ လက်ကိုပြန်လွှတ်ပေးပြီး မျက်ခုံးများကို တွန့်ချိုးကာ စုယွဲ့ကို ပြောခဲ့သည်။ " နောက်တစ်ဖက် ထပ်ပေးကြည့်။ "

ဘာတွေဖြစ်နေလဲ မသိ၍ စုယွဲ့ ပိုစိတ်လှုပ်ရှားလာမိသည်။ နောက်လက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်သည့်အခါ အဘိုးအိုက ထပ်စမ်းကြည့်ပြန်သည်။

အချိန်အတော်လေးကြာမှသာ အဘိုးအိုက ပြန်လွှတ်ပေးကာ စုယွဲ့ ဗိုက်ကိုကြည့်ပြီး ရယ်ကာ ပြုံးလျက်ပြောခဲ့သည်။  " ဗိုက်က အဲ့လောက်ထွက်နေတာ မထူးဆန်းတော့ဘူး။ "

စုယွဲ့နှင့် ဟန်အိုက်ကောတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြမိသော်လည်း နှစ်ယောက်လုံး နားမလည်ကြပေ။ ဆရာကြီးက ဘာကိုဆိုလိုတာလဲ။

ဟန်အိုက်ကောက မနေနိုင်တော့ဘဲ မေးလိုက်သည်။ " ဆရာကြီး၊ ကျွန်တော့်ဇနိီးမှာ ပြဿနာတစ်ခုခုရှိနေတာလား။ ဗိုက်ထဲက ကလေးရော အဆင်ပြေရဲ့လား။ "

" စိတ်မပူနဲ့၊ စိတ်မပူနဲ့။" အဘိုးအိုက ပြုံးကာ လက်ခါပြခဲ့သည်။ " ဗိုက်ထဲက ကလေးက တစ်ခုခုတော့ မှားနေတာဟုတ်တယ်။ ဒါပေမယ့် မကောင်းတာတော့ မဟုတ်ဘူး။ ကောင်းတဲ့ဟာ။ "

ရွှီးချန်က အဘိုးဖြစ်သူရဲ့ အချိန်ဆွဲတက်မှုကို သိထားပြီးဖြစ်၍ အမြန်ပြောပြရန် ဆော်သြလိုက်သည်။ " အဘိုးရေ ပြောမှာဆိုလည်း မြန်မြန်ပြောလိုက်ပါတော့။ ဒီလူတွေအကုန် စိုးရိမ်ပြီး သေကုန်တော့မယ်။ "

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora