"ခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ် ဒါဟာ ခင်ဗျားကို ချစ်တယ်လို့ အထင်မှားမနေနဲ့...ကျုပ်ချစ်တဲ့လူနဲ့ ရှင်ကွဲကွဲရအောင် ကြံစည်လို့ ခင်ဗျားကို အပြစ်ပေးတာ။ ခင်ဗျားသိထားဖို့က ခင်ဗျားရဲ့နှုတ်ခမ်းတွေကို နမ်းလိုက်တိုင်း ကျုပ်ချစ်တဲ့သူရဲ့ နှုတ်ခမ်းတွေလို့ မှတ်ယူပြီး နမ်းတာ ။
ခင်ဗျားရဲ့အသွေးအသားတွေကို တရစ်ချင်းစီ
တမြေ့မြေ့အပိုင်သိမ်းလိုက်တိုင်း ကျုပ်ချစ်တဲ့သူကို စိတ်ထဲမှာမှန်းပြီးတော့ ...""ဖြောင်း "
သူမရဲ့မျက်နှာရှေ့ တဖြည်းဖြည်းတိုးကပ်လာသည့် ရှိန်းရဲ့မျက်နှာကို ကြည့်ကာ မခံချင်မှုဒေါသတွေဖြင့် လှမ်းရိုက်လိုက်တော့ ပြန်ကြည့်လာသည့် မဟူရာရောင်မျက်ဝန်းတွေမှာလည်း ဒေါသအပြည့် ။ငယ်စဉ်ဘဝကသာ နမ်းဖူးသည့် ပါးပြင်အိအိလေး၊ မြတ်နိုးခြင်းအပြည့်ဖြင့် စိတ်ထဲကနေ နမ်းမည်ဟု ခဏခဏပစ်မှားနေမိသော ပါးပြင်ကို ရိုက်လိုက်ရသော သူမရဲ့လက်ကလည်းတဆတ်ဆတ်တုန်လာသည်။ကိုယ့်လက်ကိုမယုံကြည်နိုင်သလို ပြန်ကြည့်ပြီးမှ ဒေါသမျက်ဝန်းတွေဖြင့် ဝါးမြိုမတတ်ဖြစ်နေသည့် မျက်ဝန်းတွေကို အကြည့်ဆုံလိုက်တော့ သန်မာလွန်းသည့်လက်တွေက သူမလက်မောင်းကို အရိုးကြေမတတ်ဆုပ်ကိုင်လာ၏။
"ခင်ဗျားကများ....ကျုပ်ကိုရိုက်ရဲတယ် "
"ရိုက်တယ် ဘာဖြစ်လဲ ။ ကိုယ့်အထဲကိုထည့်ထားပြီး တခြားသူအထဲထည့်နေတယ်လို့ စိတ်ကူးယဉ်နေတဲ့သူနဲ့ ဘယ်မိန်းမက ကြည်ဖြူနေမှာလဲ ရှိန်းရယ် ။ မင်း ပြောစမ်းပါ "
ရှိန်းက လှောင်သလိုရယ်လိုက်သည်။ရယ်ရခြင်းကို အရသာတွေ့နေသလို ရယ်နေပြီးမှ နှုတ်ခမ်းတွေကို အတင်းဖိကပ်ပြီး လာနမ်း၏။ချစ်လို့လည်း မဟုတ်သလို ရမ္မက်ဆန္ဒကြောင့်လည်းမဟုတ် ။ နာကျင်အောင် တမင်ရည်ရွယ်ပြီး နမ်းတာ။
"ခင်ဗျားနဲ့ တခြားမိန်းမတွေက တူလို့လား ။ ဒေါ်မိုနာကျူးရင့်...ဟမ် ။ ခင်ဗျားက တစ်ပြားမှကို မတန်တဲ့ မိန်းမ ။ ကျုပ်ကို မချစ်ဘဲ အပိုင်သိမ်းတဲ့ မိန်းမ.... ကျုပ်ပျော်ရွှင်မှုတွေအားလုံးကို ကြိုးကွင်းပစ်ပြီး ဖမ်းသလို ဖမ်းချုပ်လိုက်တဲ့ မိန်းမ ...ကျုပ် ခင်ဗျားကို အရမ်းမုန်းတယ် "
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]