"မောင့်မိန်းမကို လာပို့တာလား "
တစ်ချိန်က သူ့ကိုအရူးအမူးစွဲလမ်းအောင်ပြုစားဖူးခဲ့သည့် အသံချိုမြမြကို ယခုအချိန်တွင် သူရင်ဆိုင်ချင်စိတ်မရှိပေမယ့် ရှောင်ဖယ်လိုက်လည်း မရတော့သည့်အခြေအနေရောက်သွားပြီမို့ ခေါင်းညိတ်ပြလိုက်သည် ။
"အင်း ... ဟုတ်တယ် ကြိုးကြာ"
"မြင်ကွင်းကတော့ မောင့်ကိုလိုက်ပို့ပေးရကျိုးနပ်သွားစေမှာပဲ "
ရှိန်း ဘာမှမတုန့်ပြန်ဖြစ်ဘဲ အခုအထိစကားပြောမဝကြသေးသည့် လူနှစ်ဦးဆီသာ အကြည့်ရောက်သွားသည် ။ ရိုးရိုးသားသားနှုတ်ဆက်ကြတာဆိုရင်လည်း အဲ့လောက်ကြာလို့မဖြစ်ဘူးမလားလို့တွေးနေမိရင်း လူနှစ်ဦးဟာ ခြေလှမ်းတူညီဖြင့် ဆေးရုံအဆောက်အဦးထဲသို့ ဝင်သွားကြ၏ ။ ရှိန်းရဲ့နှလုံးသားတွေဟာ မီးမြိုက်ခြင်းခံထားရသလို ရင်ခွင်တစ်ခုလုံး ပူလောင်နေသည်ကိုလည်း သိသည် ။ ရှိန်း ဝဋ်လည်နေတာများလား ။
"သူတို့ချင်းက အရမ်းရင်းနှီးမယ့်ပုံပဲနော် ။ ဂျူတီကုတ်တောင် ကိုင်ပေးကြတယ်ဆိုတော့ ။ ကြိုးကြာကြားတာတော့ ဒေါက်တာဆက်မဟာသော်က ဒီဆေးရုံမှာဝင်ခွင့်ရဖို့ သူ့မိဘတွေရဲ့ အကူအညီကိုတောင် ယူခဲ့တာတဲ့ ။ မဖြစ်မနေလာစရာအကြောင်းရင်းရှိလို့ထင်တယ်နော် ။
ကြိုးကြာလည်း ဒီမှာအလုပ်ဝင်တော့မှာလေ ။ မောင်သာ သိချင်မယ်ဆိုရင် ဒေါက်တာမိုနာရဲ့သတင်းတွေကို မောင့်ဆီပေးရမလား ""မလိုပါဘူး ကြိုးကြာ ။ ကျွန်တော့်မိန်းမကို ကျွန်တော်ယုံပါတယ် ။ သွားခွင့်ပြုပါဦး "
အံ့အားသင့်သလိုကျန်နေခဲ့သော ကြိုးကြာကို ဥပေက္ခာပြုပြီး မြန်ဆန်စွာထွက်လာလိုက်သည်မို့
မကျေမနပ်တောက်ခေါက်သံကို ရှိန်းမကြားလိုက်နိုင်တော့ ။________________________________________________________
ဒေါသမထွက်ရအောင် တမင်ကြိုးစားပြီး သည်းခံပါသော်လည်း မမမိုနာရဲ့ အကြောင်းကို တွေးလိုက်လျှင် ရှိန်းအတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရသည်။ ဆက်မဟာသော်နှင့်ယှဉ်လျှင် ရုပ်ရည်ကအစ စည်းစိမ်အဆုံး သူကသာလွန်ပါလျက်နဲ့ ဘာလို့မမမိုနာက သူမှသူ ဖြစ်နေရတာလည်းဟု စဉ်းစားမရနိုင်။
အဆောက်အဦးတစ်ခုအတွက် ဒီဇိုင်းဆွဲနေရင်းဖြင့်ကို ပျံ့လွင့်နေသော သူ့စိတ်တွေကြောင့်လည်း ခက်ရပါ၏။
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]