Part-16

14.1K 357 114
                                    


  ကြိုးကြာနဲ့ဖုန်းပြောပြီး စိတ်ရှုပ်နေသည့် မိုနာရဲ့စိတ်ဟာ  ဖုန်းမြည်သံတစ်ခုကြောင့် ပိုရှုပ်ထွေးသွားရသည် ။  ဒီတစ်ခါတော့ ရှိန်းရဲ့ဖုန်းကမဟုတ် ၊ သူမရဲ့ဖုန်း‌ဆီက ။  ဆက်လာသူက မဟာဖြစ်နေတာကြောင့် ပျင်းရိစွာသက်ပြင်းချမိ၏။ အားနာသည်က တစ်ကြောင်း ၊ ရှိန်းကိုဒီအတိုင်းမထားဘူးဟု မဟာကကြုံးဝါးထားတာကြောင့် တရားများစွဲလိုက်တာလားဟုတွေးမိပြီး သက်ပြင်းချမိခြင်းသာ ။

    ကိုင်ရမည်လား ၊ မကိုင်ရဘူးလား တွေဝေစွာတွေးရင်း လာမည့်ဘေးကိုရပ်စောင့်မနေဘဲ ပြေးတွေ့ချင်သည့် သူမရဲ့စိတ်ကသာ အဆုံးသတ်မှာအနိုင်ရ၏။
   
"မဟာ ပြောလေ "

"ဖုန်းကိုင်တာ ကြာတယ်နော်။ရှိန်းမိုးထက်ဆီက ခွင့်တောင်းနေလို့လား"

စစလာချင်း  ရန်စကားက စပြောသော မဟာကြောင့် မိုနာ စုတ်တစ်ချက်သပ်လိုက်သည်။

"ကျစ်. . . မဟာ နင့်ကို ငါသဘောမကျတာ အဲ့ဒါတွေသိလား  ငါ့ဖုန်းဆိုတော့ ငါကိုင်ချင်မှ ကိုင်မှာပေါ့  တကယ်လို့ ရှိန်းကို ခွင့်တောင်းတယ်ဆိုတော့ရော ဘာဖြစ်လဲ  ရှိန်းက ငါ့ကိုပိုင်တဲ့ ငါ့အမျိုးသားလေ.. . . ငါ ခွင့်တောင်းတာ ဘာလွန်လဲ"

မဟာ့ရဲ့ရယ်သံက ငှက်ဆိုးတစ်ကောင်ရဲ့အသံလို သူမနားထဲရီဝေစွာ  ဆူညံလာပြီး-

"နင်ကလေ အရင်ကလို စွာတုန်းပဲနော်. . . နည်းနည်းလေးမှကို အကျောမခံတဲ့ မိုနာကျူးရင့်လေး ဖြစ်နေတုန်းပဲ"

သိသိသာသာလျှော့ချလိုက်သော မဟာ့အသံတွေကြားမှာ သူမ သက်ပြင်းကိုခိုးချလိုက်သည်။ နင် ပြောသလို နည်းနည်းလေးမှ အကျောမခံတဲ့ စွာတေးလန်မလေးက သူ့ထက်၇နှစ်ငယ်တဲ့ကောင်လေးတစ်ယောက်ရဲ့ စွန့်ပစ်ခြင်းကို ခံရမှာကြောက်လို့ အရာရာကို သည်းခံကာ နှိမ့်ချနေတာကို နင်များသိရင် အံ့ဩလို့ဆုံးမှာမဟုတ်ဘူးမဟာ။
       သူမအတွေးထဲတွင် မဟာ့ကို တိုင်ပင်ချင်စိတ်များဟာ  တဖွားဖွားပေါ်လာသည် ။ အရင်ကလည်း သူမပြဿနာတွေကို နားထောင်ပေးပြီး သင့်လျော်သည့်အကြံများပေးတတ်တာကြောင့် တိုင်ပင်ဖော်ကောင်းဆိုသည်လည်းမမှား ။  သို့သော် သူမရဲ့ဆင်ခြင်နိုင်စွမ်းက သူမကိုအချိန်မှီတားလိုက်၏၊ ရှိိန်းက မဟာနဲ့စကားပြောတာကို မကြိုက်လောက်ဘူးဟုတွေးမိတာကြောင့် စကားစကို မြန်မြန်ဖြတ်ပစ်ဖို့ ကောင်းသည် ။  တိုင်ပင်နေလို့ ရှိန်းမိသွားရင် အဖုအထစ်တွေဖြစ်ဦးမှာမဟုတ်လား ။ 

သိမ်းဆည်း၍ လောင်ကျွမ်းခြင်း   Where stories live. Discover now