"ရှိန်းကလည်း နည်းနည်းလေးစားပြီး ဆေးသောက်လို့ မရဘူးလေ "
"ရှိန်းမှမကြိုက်တာ ... ချောကလက်ကိတ်မှ စားချင်တာ "
ဆေးသောက်ရန် ကိတ်နှင့်ကော်ဖီကို စားစေရန်တိုက်တွန်းသော်လည်း မဟာပထဝီမြေကြီးထက် ခေါင်းမာသည့် ထိုကောင်လေးက ငြင်းဆန်သည် ။
"ပြီးရင် Salmonကို လုံးပြီးကြော်ပေးမယ်လို့ ပြောထားတယ်လေ "
"တကယ်နော် "
"ကဲ...ဘယ်တုန်းက နင့်ကိုငါကမဟုတ်ဘဲ ပြောဖူးလို့လဲ ။ ကိတ်စားပြီးရင် ဆေးသောက် ။ ပြီးရင် တစ်ရေးလောက်အိပ်လိုက် "
ဆေးသောက်ပျင်းပြီး ဂျီကျလွန်းသည့်ကောင်လေးဟာ မငြင်းဆန်ဘဲ သောက်လိုက်သည့်အတွက် စိတ်ချမ်းသာသွားသည့်သမားတော်တစ်ယောက်၏ အပြုံးမျိုး မိုနာပြုံးလိုက်မိသည်။
"ရှိန်းကို ဆေးတိုက်ရတာက ငယ်ငယ်တုန်းကလို ခက်တုန်းပဲ "
ရှိန်းက ချစ်ဖို့ကောင်းစွာ နှုတ်ခမ်းများကို တွန့်ပြုံးလိုက်ပြီး -
"ဆေးသောက်ပြီးရင် ငါးအသားလုံးကြော် ကျွေးမှာဆိုလို့လေ ၊ နို့မို့ဆိုရင် မသောက်ချင်ပါဘူး ။
ရှိန်းရဲ့ ဆေးသောက်တာမကြိုက်တဲ့အကျင့်ကတော့ ငါးအသားလုံးကြော်ကလွဲရင် တခြားဘာကမှ ပြင်နိုင်မယ်မထင်ဘူး ""ဪ...ဒါကြောင့်ကိုး ။ တချို့ဆို ငါးကိုမကြိုက်ကြဘူးနော် ၊ ရှိန်းကတော့ ထူးဆန်းတယ် ၊ တမက်တမောနဲ့ကို ကြိုက်တာ "
"စကားမများတော့နဲ့ ၊ ရှိန်း စားချင်တာ မြန်မြန်မစားရရင် ရှိန်းက ကောက်ဖျားပစ်မှာ "
"စကားမများဖို့က ရှိန်းကိုပြောရမှာပါကွယ် ။ အိပ်တော့နော် "
ပူနွေးစပြုလာသည့် ခန္ဓာကိုယ်လေးကို အိပ်ယာထက်လဲကျသွားအောင် မိုနာခပ်ဖွဖွတွန်းလိုက်လိုက်သည်။ မျက်လုံးအစုံမှိတ်သွားသော ကောင်လေးရဲ့ နဖူးပြင်ပြေပြေထက် အနမ်းတစ်ပွင့်ပေးလိုက်ပြီးမှ စောင်ခြုံပေးလိုက်၏။
"မမ "
ကော်ဖီခွက်ကိုသိမ်းနေသော သူမဟာခေါ်သံလေးကြောင့် လှမ်းကြည့်လိုက်သည် ။ ရှိန်းက မျက်လုံးမှိတ်ထားလျက် လှမ်းခေါ်နေတာ ။
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]