ရှိန်းမြင်လိုက်ရတာက ဆက်မဟာသော်ဆိုတဲ့လူဟာ ဒေါ်မိုနာကျူးရင့်ရဲ့ခေါင်းကို ခပ်ဖွဖွနဲ့ ကြင်နာစွာ ပုတ်ပေးနေခဲ့ခြင်းဖြစ်သည်။လှိုက်တက်လာသည့် ဒေါသဟာ သဝန်တိုခြင်းဖြစ်သည်ဟု ရှိန်း ဝေဖန်နိုင်ခြင်းမရှိဘဲ ကြောင်ပြီးသာရပ်နေမိခဲ့ခြင်း ။ တွေ့နေရတဲ့သူကြီးကို ဆွဲပဲထိုးရမလား ၊ ရှောင်ပဲထွက်ပေးရမလားလည်း သူမသိတော့ ။ဆွဲထိုးလိုက်ရင် အခြေအနေတွေရှုပ်ထွေးသွားလိမ့်မည်။အခုက ဆေးရုံဖြစ်နေသည် ၊ ပြီးတော့ ဆက်မဟာသော်ရဲ့ရှေ့မှာ ရှိန်းရဲ့ဒေါသတွေ ဖွင့်ချလိုက်လျှင် ဒေါ်မိုနာကျူးရင့်အတွက် ထွက်ပေါက်ရသွားလိမ့်မည် ။ဒေါ်မိုနာကျူးရင့်က ရက်စက်လွန်းသည်။ဒီလိုမှန်းသိလျှင် စောစောက ကြိုးကြာအပြင်မှာတွေ့ဖို့ချိန်းတာကို ရှိန်း ငြင်းမှာမဟုတ်။ မိန်းမရပြီးကတည်းက ကြိုးကြာနဲ့အပြင်မှာမဆုံတာ ဘယ်လောက်ကြာပြီလဲ။ ဒါတောင် ဖောက်ပြန်တယ်ဆိုပြီး ယိုးစွပ်ကာ ဆွဲထိုးခြင်းခံရပါသေးတယ်။
"ရှိန်း!!!"
ကြောက်ရွံ့သံလိုလို၊အားနာတာလိုလို မပီသသည့် ဒေါ်မိုနာကျူးရင့်ရဲ့အသံနှင့်အတူ ဝိုင်းစက်သော မျက်ဝန်းတွေက သူ့ကို စိုက်ကြည့်လာတာကြောင့် ရှိန်းက ပြုံးလိုက်သည်။သို့သော် ပြုံးလိုက်တာတော့ မဟုတ်ပေ ၊ နှုတ်ခမ်းလေးကို တွန့်ပဲတွန့်လိုက်ခြင်း ။
ဘာလုပ်ရမလဲ ၊ သောင်းကျန်းလိုက်ရမလား ။ ရှောင်ထွက်ရမလားဟူသော အတွေးတွေက ဖြတ်ပြေးသည် ။ ရှောင်ထွက်ဖို့ကလည်း မမီတော့ပါဘဲ နှစ်ယောက်လုံးရဲ့အကြည့်က ရှိန်းဆီ ရောက်နေပြီမို့ သရုပ်ဆောင်ဖို့သာ ကျန်တော့၏ ။ ရှိန်းရေ နှစ်ယောက်လုံးကို ကြောင်သွားအောင် တစ်ပတ်ရိုက်ပစ်လိုက်ကွ ဟု ကိုယ့်ကိုယ်ကို အားတင်းကာ ဆေးရုံကုတင်ထက် အိပ်နေသော မိုနာကျူးရင့်အနားသို့ ကပ်ထိုင်လိုက်သည်။
"မမ...မူးလဲတယ်ဆိုလို့ မောင်က စိတ်ပူနေတာလေ...သက်သာရဲ့လား"
ရှော့အကြီးကြီးရသွားတဲ့သူက မိုနာရယ်ပါ။သူ့ကိုယ်သူ မောင်ပါတဲ့။ မသုံးနှုန်းဖူးသော အသုံးအနှုန်းကို သုံးနှုန်းကာ နူးညံ့လှသော အပြုံးလှလှတွေကြောင့် မိုနာချက်ချင်း ခုတင်ထက်မှာ ထထိုင်မိသည်။
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]