Part-13

14.6K 413 61
                                    


မိုနာ အိပ်ရာကနိုးလာတော့ လက်တွေက ခုတင်တစ်ဖက်ခြမ်းဆီကို စမ်းမိသည်။ ထိတွေ့မိသည်က ဖက်ခေါင်းအုံးအေးစက်စက်ကြီးသာဖြစ်ပြီး နွေးထွေးနူးညံ့သည့် ကိုယ်ထည်တစ်ခုက ရှိမနေသော်လည်း သင်းပျံ့သည့်မွှေးရနံ့တစ်ခုကိုကတော့ သူမကို ကြည်နူးဖို့ကောင်းစွာ ကြိုဆိုပါ၏ ။ 

"မမမိုနာ ... နိုးလာပြီလား "

ရှိန်းရဲ့ချိုမြနေသောအသံလေးနှင့် ပြုံးကြည်နေသော မျက်နှာလေးကို မြင်ရသည်။လဲထားပြီးသား ဝတ်စုံနှင့်အတူ မှန်ရှေ့ထိုင်နေသည်မို့ ရေချိုးပြီးပြီဆိုတာ မိုနာခန့်မှန်းရ၏။ထို့ကြောင့် စိတ်ပူစိတ်ဖြင့် -

"မင်းက သက်သာပြီမို့လား...ဘာလို့ အစောကြီးရေထချိုးနေတာလဲ။ ရှိန်းရေ အအေးမိတာက ပေါ့လို့မရဘူးနော် "

ရှိန်းက  မှန်ရှေ့ထိုင်နေရာကနေထကာ သူမရှေ့သို့ရောက်လာပြီး ရေစက်တွေတင်နေသည့် သူ့ဆံပင်တွေကို ခါထုတ်လိုက်သည်မို့ ရေတွေက မျက်နှာကို လာစင်၏။

"ရှိန်းမိုးထက်!!!"

"ကြည့်... မမမိုနာတတ်တာ ဘာရှိလဲ ။ ရှိန်းကိုဆိုရင် အော်မယ် ၊ တွေ့တာနဲ့ကောက်ထုမယ် ၊ရိုက်မယ် ဒါပဲ "

"ရှိန်းလုပ်တာကရော ဟုတ်လို့လား ။ အအေးမိနေတာကို ရေလည်းချိုးတယ် ၊ ဟော ခေါင်းပါလျှော်ထားလိုက်သေးတယ် "

"အဲ့တော့ ဘာဖြစ်လဲ ။ ရှိန်းသေတော့ မမမိုနာ နောက်လင်ရတာပေါ့ ။  ဆက်မဟာသော်ဖြစ်ဖြစ်
တခြား စကားနားထောင်ပြီး လိမ္မာတဲ့သူဖြစ်ဖြစ်
တစ်ယောက်ယောက်ကို ကောက်ယူလိုက်လေ"

နည်းနည်းလောက်ဆူရင် သူကအရင်စိတ်ကောက်ပြီး ဦးအောင်ဂျီကျတတ်တဲ့အမူအကျင့်ကို သိသည်မို့ မိုနာ လေသံကိုတမင်လျှော့ချလိုက်ရသည်။ပြန်အဆင်ပြေကာစ အခြေအနေလေးကို မိုနာကြောင့်နဲ့တော့ မုန်တိုင်းမထန်စေချင် ။

"ဆူမိတာ မှားပါတယ်ရှင် ။ လာ ... ဒီနားလာထိုင်
ခေါင်းကရေတွေ မမသုတ်ပေးမယ် "

"မမမိုနာ လိမ္မာတယ် "

"အင်း သိတယ် ။ ရှိန်းကတော့ မလိမ္မာဘူး "

သိမ်းဆည်း၍ လောင်ကျွမ်းခြင်း   Where stories live. Discover now