ဆေးလိမ်းပြီးသည်နှင့် လွတ်လပ်သွားသောသူမရဲ့ ခန္ဓာကိုယ်က အိပ်ရာကနေ ထ လိုက်သည်။ လိင်ကျွန်ကနေ တစ်လလွတ်မည့် ကျွန်တစ်ယောက်က သခင် ခရီးထွက်မှာကို ပြင်ဆင်ပေးသင့်တယ်မဟုတ်လား။အားယူပြီးထလိုက်တော့ သူမအနားကပ်ထိုင်နေသည့်ရှိန်း၏ နဖူးပြင်ထက်ကဝဲကျနေသောဆံနွယ်များနှင့် သူမရဲ့ လက်ချောင်းတွေက ထိတွေ့လိုက်တာကို သူမခံစားလိုက်ရ၏။
"ဘယ်သွားမလို့လဲ.... ပြန်အိပ်ဦးလို့ ပြောနေတာကို "
ပျော့ပျောင်းခြင်းမရှိသည့် ရှိန်း၏ အသံဟာ သာမန်အတိုင်း လေသံမာမာ ။
"ရှိန်း ခရီးသွားမယ်ဆို ...အဲ့အတွက်ပြင်ပေးမလို့"
ရုတ်တရက် တံတောင်ဆစ်ကနေ ဆွဲချလိုက်တာမို့ ရှိန်းရဲ့ပေါင်ပေါ်မှာ မိုနာက အရုပ်လေးတစ်ခုလို ကျသွား၏။
"ကျုပ်က အိပ်လို့ ပြောရင် အိပ်နေ ဒေါ်မိုနာကျူးရင့်...အပိုတွေ လုပ်ပေးလည်း ကျုပ်ကျေးဇူးမတင်ဘူး"
လိင်ကျွန်ဟု သုံးနှုန်းလိုက်တာနဲ့ပက်သက်ပြီး ထိန်းထားသော မျက်ရည်တွေက ကျေးဇူးမတင်ဘူးဟု ထပ်ပြောသော စကားလုံးတွေကို ခံနိုင်ရည်မရှိသည့်နှယ် ပါးပြင်ထက်မှာ စီးကျလာ၏။အံကိုကြိတ်ပြီး ရှိန်းကို မုန်းတီး နာကျင်စွာကြည့်လေတော့ ရှိန်းကလည်း ခက်ထန်မာကြောစွာ ပြန်ကြည့်သည်။ထိန်းထားလို့မရသည့်မျက်ရည်တွေကို သူမမြင်အောင် သူ့ရင်ခွင်မှာ မျက်နှာအပ်ချလိုက်၏။သူကတော့ မိုနာ့ကို တွန်းလည်းမထုတ်သလို ယုယကြင်နာစွာ ထွေးပွေ့ဖို့လည်း စိတ်မကူးချေ။
သက်ပြင်းတစ်ချက်သာ သူမကြားအောင်မှုတ်ထုတ်လိုက်သည် ။ရင်ခွင်ထဲရှိနေတာကို မနှစ်သက်ကြောင်းပြလိုက်သည့် ရာဇသံဟု ယူဆကာ ရုန်းထွက်ပြီး သူ့ရင်ဘတ်ကို တွန်းပစ်လိုက်သည်။"ဘာလဲဟ... ခင်ဗျားပဲလာတိုးဝင် ၊ ခင်ဗျားကပဲ တွန်းထုတ် ဟုတ်နေတာပဲ "
ရှိန်းရဲ့လေသံက ပျော့ပျောင်းပါသည်။ဒါပေမဲ့ ဒီလိုပြောလိုက်ခြင်းဖြင့် လိင်ကျွန်ဆိုသည့် ဘွဲ့ထူးဟာ ပြေပျောက်သွားလိမ့်မည်မဟုတ်ပါ ။ ထို့အတူ သူ့အပေါ်ငြိုငြင်သွားသော မိုနာရဲ့စိတ်ဟာလည်း ဘာမှမဖြစ်သလို ငြိမ်မနေနိုင်ပေ။
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]