"မင်းအဘိုးရဲ့ ပုံစံကို မင်းအမြင်နော် ရှိန်း. . . လူအများကြီးကို အုပ်ချုပ်ပြီး နေလာတာ သူ့သက်တမ်းတစ်လျှောက်လုံးနီးပါးပဲ. . . အဲ့ဒါကြောင့်လည်း သူ့အမိန့်ဆိုနာခံမှကြိုက်တာ""အခုလည်း အဘိုးရဲ့ စိတ်တိုင်းကျ ဖြစ်စေရမှာပါ မာမီ. . . ရှိန်း အဘိုးဆီ လိုက်နေမှာပါ"
အဘိုးပြန်ပြန်သွားချင်း ဧည့်ခန်းမှာ သားအမိနှစ်ယောက်တိုင်ပင်ဖြစ်ကြသည်။ မိုနာကတော့ ခပ်အေးအေးဖြင့်ပင် နားထောင်နေလေ၏။ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခြင်း မရှိ။
"မမမိုနာက ဒီအိမ်မှာ နေခဲ့လိုက်နော်. . . ရှိန်းနဲ့လိုက်ခဲ့ရင် မမ အဆင်မပြေလောက်ဘူး အဘိုးက အခုတောင် လောလောလတ်လတ်ဆူလိုက်တာ မဟုတ်လား ။ ရှိန်း မမမိုနာကို အဘိုးဆူတာ သိပ်သဘောမကျဘူး "
"အဲ့ဒါကောင်းတယ် သမီးက မာမီတို့နဲ့ပဲနေ"
မိုနာ ခေါင်းငုံ့နေရာကနေ ရှိန်းနဲ့မျက်လုံးချင်းဆုံလိုက်၏။ သူမကို ထားခဲ့ချင်သော စိတ်တွေကို သူ့မျက်လုံးတွေထဲမှာ မြင်လိုက်ရသည်။ သူမ ရှိန်းနှင့် မခွဲချင်ပါ။ သူမအသည်းတွေ တစစီကြွေမွသွားအောင် အဘိုးက နှိပ်စက်သည်ဆိုဦးတော့။ ရှိန်းနဲ့သာ အတူရှိခွင့်ရလျှင် အဆင်ပြေပါသည်။
"သမီး ရှိန်းနဲ့ လိုက်သွားချင်ပါတယ် မာမီ။ ရှိန်း ငါလိုက်ချင်တယ် "
"မဖြစ်ဘူးသမီး. . . နေကောင်းသေးတာလည်း မဟုတ်ဘူး. . . ပြီးတော့ရှိန်းကတောင် သမီးအပေါ် ဆိုးရတဲ့အထဲ အဘိုးကပါ အပြစ်တွေ လိုက်တင်နေရင် သမီးတော့ အသက်တိုရုံပဲ ရှိမယ်။ မာမီ မိုနာ့ဦးလေးဆီက အပြစ်တင်မခံချင်ဘူးကွယ်"
"မာမီရယ်...မိုနာ အဆင်ပြေပါတယ် ။ လက်ထပ်ထားတဲ့သူနှစ်ဦးက ခွဲနေတယ်ဆိုမှသာ ဦးလေးက တစ်မျိုးထင်မှာ ။ ပြီးတော့ ရှိန်းက အရင်လိုမဟုတ်တော့ပါဘူး "
"နှစ်ဆဆိုးတာလား သမီး "
"ဟာ...မာမီကလည်း သားက မမအပေါ်မဆိုးတော့ပါဘူးနော် "
"မဆိုးတော့ရင်လည်း ကလေးယူကြတော့"
"ရှင်"
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]