"အကိုလေးရှိန်း.."အခန်းတံခါးအပြင်ကနေ တဒုန်းဒုန်းထုရိုက်ကာ အော်ခေါ်နေသံကြောင့် အိပ်နေရာက သူနိုးသွားသည်။ မနေ့ညက နောက်ကျမှအိမ်ကိုပြန်ရောက်သည်က တစ်ကြောင်း ၊ ပြန်ရောက်ချိန်တွင် ရှိန်းကိုတောင် မစောင့်နိုင်ဘဲ နှစ်ခြိုက်စွာအိပ်မောကျနေသောသူကို ငေးမောကြည့်နေသည်က တစ်ကြောင်းမို့ ရှိန်း အိပ်မပျော်လိုက်ပါ။၉နာရီထိုးလျှင် ခရီးထွက်ဖို့ပြင်ရမှာဖြစ်သည့်အတွက် အိပ်ချိန်ကနည်းပါးရသည့်အထဲ အသံဆာဆာဖြင့် လာအော်နေသောကြောင့် တံခါးကို ခပ်ကြမ်းကြမ်းဖွင့်မိ၏။
"ဘာလဲဟာ....ငါအိပ်နေတာကို ဘာလို့လာနှိုးတာလဲ။ မနေ့ညကတည်းက ငါ တစ်ရေးမှမအိပ်ရသေးဘူး "
အိပ်ချင်မူးတူးပြောတဲ့သူ့ပုံစံကိုကြည့်ပြီး အိမ်အကူကောင်မလေးကတော့ ခြေလက်တွေတုန်ကာ တော်တော်တုန်လှုပ်နေပုံရသည်။အရင်က ရှိန်းသည် နူးညံ့နွေးထွေးပြီး အိမ်အကူတွေကိုလည်း ချိုချိုသာသာ ဆက်ဆံတာကို ဒီကောင်မလေး မသိလောက်။မသိကြေးဆို ဒီကလေးမက ဒေါ်မိုနာကျူးရင့်နှင့် လက်ထပ်ပြီးတစ်ပတ်ကြာမှ ထိုက်ဖေဖေက လွှတ်လိုက်ခြင်းဖြစ်ပြီး လက်ထပ်ပြီးနောက်ပိုင်း စိတ်ရောကိုယ်ပါ ကြမ်းတမ်းသွားသည့်ရှိန်း၏ အသွင်သဏ္ဌာန်အသစ်ကိုသာ မြင်ရသောကြောင့် အသံကြားရုံဖြင့်ပင် တုန်ခိုက်နေသည့်သူ။
"နင်ဘာဖြစ်နေတာလဲ...အိပ်နေတာကို လာနှိုးတာနဲ့တော့ နင့်ကို ငါမသတ်ဘူး..ကြောက်မနေနဲ့ ။ ဘာကိစ္စလဲ "
"ဟုတ်ကဲ့ရှင့်...အကိုလေး....မမလေးလေ"
"အင်း"
သူကထောက်ခံလိုက်တော့ ကောင်မလေးကအားတက်သွားဟန်ဖြင့် သူ့မျက်ဝန်းတွေကို ရဲဝင့်စွာပြန်ကြည့်လာ၏။
"မမလေး...မူးလဲသွားလို့ရှင့်...အကိုလေးရဲ့အဖေက ဆေးရုံခေါ်သွားတယ်...အဲ့ဒါ အကိုလေးကို လာပြောပြတာရှင့် "
"သေသွားလည်း အေးတာပဲ...ငါ့ကိုလာပြောနေသေးတယ်"
"ရှင်...ဒါပေမဲ့ အကိုလေးအဖေက လိုက်လာခဲ့ဖို့ ပြောတယ်ရှင့် ။ ပြီးတော့ မမလေးကလည်း အကိုလေးကို လိုက်လာစေချင်မှာပါ "
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]