" အဲ့နေ့က မိုးရွာနေတဲ့ နေ့တစ်နေ့လေ ။ ခပ်ဖွဲဖွဲမဟုတ်ဘဲ သည်းသည်းမည်းမည်းနဲ့ ဒေါသတကြီး ရွာနေတဲ့မိုးပေါ့ ။ကျုပ်က ကားမောင်းအလာ ကောင်မလေးတစ်ယောက်က လက်ကနာရီကိုကြည့်ရင်း မိုးရွာထဲကို ပြေးထွက်ရမလိုလို၊ဆက်ပြီးစောင့်နေရမလိုနဲ့ သူဗျာများနေတာကို ကျုပ်က လှမ်းမြင်လိုက်တာ ။ ခင်ဗျားလည်း သိမှာပါနော် "
"ဘာကိုလဲ ရှိန်း "
ရှိန်းက အကြောင်းမဲ့ ပြုံးလိုက်သည်။ပြီးမှ သူမရဲ့မျက်ဝန်းတွေကို ငေးကြည့်ကာ -
"အရင်က ရှိန်းမိုးထက်က လူတွေအပေါ်နွေးထွေးပြီး အရမ်းကူညီတတ်တာကို မမေ့သေးဘူးမလား "
"အင်း မမသိပါတယ် ။ ရှိန်းပြောင်းလဲသွားတာက မမနဲ့လက်ထပ်ပြီးတဲ့နောက်မှလေ "
မိုနာ မဆိုင်းမတွပြန်ဖြေတော့ ရှိန်း၏ နက်ဝန်းတဲ့မျက်ဝန်းတွေက အမူအရာတစ်မျိုးပြောင်းသွားသည်။ပြီးမှ မျက်မှောင်တစ်ချက်ကုပ်ကာ စကားဆက်၏။
"ပထမဆုံး ရှိန်းသိလိုက်တာက သူ့ကိုကူညီဖို့ပဲ ။မိန်းကလေးဖြစ်နေလို့လည်း မဟုတ်သလို သူက အရမ်းလှနေလို့လည်း မဟုတ်ဘူး ။ကားကို သူရပ်နေတဲ့ အနားမလှမ်းမကမ်းမှာရပ်လိုက်တော့ သူကမော့ကြည့်တယ်။အဲ့ကျမှ ဆံပင်တွေကို အကုန်အုပ်လုံးသိမ်းထားတော့ သူ့ရဲ့မျက်နှာနုနုလေးက သေချာမြင်နေရတာ။ လှလိုက်တာလေ ... ရှိန်း လှတယ်လို့ သတ်မှတ်ပြီးကြည့်မိတဲ့ ဒုတိယမြောက်မိန်းကလေးက ကြိုးကြာပဲ "
"ပထမကရော ရှိန်း "
ဆေးရုံကုတင်ဘေးက စားပွဲဖြူဖြူလေးပေါ်တွင် တင်ထားသော ပန်းအိုးဆီမှ နှင်းဆီပွင့်နီနီလေးများကို ရှိန်းငေးနေရာမှ မိုနာ့စကားကြောင့် မိုနာ့ကို လှမ်းကြည့်ပြီး မေးငေါ့ပြလိုက်သည်။
"ပထမက ခင်ဗျားပေါ့ မမမိုနာရဲ့။ ခင်ဗျားကို လှတယ်လို့ ရှိန်း မြင်ပါတယ် ။ သိပ်လှတဲ့ အမျိုးသမီးပါ ... ခင်ဗျားရဲ့ ပြာလဲ့နေတဲ့ မျက်ဝန်းတွေ ၊ ပြည့်ဝန်းနေတဲ့ နှုတ်ခမ်းသားတွေ ၊ ဖြူစင်မွန်မြတ်နေတဲ့ အသားအရေတွေ အားလုံးဟာ လှတယ် ရှိန်းလည်း သဘောကျတယ် "
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]