တကယ်ဆိုလျှင် ကြိုးကြာနဲ့စတွေ့တာက
ရှိန်းနှင့်မဟုတ်ပါဘဲ ထိုက်နဲ့အရင် စတွေ့ခဲ့ခြင်းသာ။ကားမောင်းနေသော ဦးရင့်က သိပ်ကိုစကားနည်းတာမို့ ထိုက်ရဲ့အာရုံတွေက ကြိုးကြာဆီရောက်သွားရသည်။ ကြိုးကြာဆိုတာ ဒီဇာတ်လမ်းတွေနှင့်ပက်သက်နေပါသည်ဟု စွပ်စွဲလို့မရအောင် ဖြူစင်တဲ့မိန်းကလေးဟု ထိုက် မြင်မိသည်။သို့သော်ငြား ထိုက်မှာတော့ထင်သည့်အမြင်လောက်သာရှိနေပြီး လူကြီးတွေဘက်မှာ
တိကျသေချာသည့် ကြိုးကြာရဲ့ပြစ်ချက်တစ်ခုကို ကိုင်ထားနိုင်သည် ။ အဲ့အချက်က ဘာများလဲဆိုသည့်အတွေးနှင့်အတူ စတင်ဆုံတွေစဉ်က
အဖြစ်အပျက်တစ်ခုဆီသို့ .....။သာယာနေသော မနက်ခင်းနှင့် ပုံမှန်မှုတွေ ဖြာထွက်နေသည့် နွေရာသီတစ်နေ့မှာပေါ့ ။ထိုက်ဟာ ရှိန်းရဲ့သက်ဆိုင်သူဖြစ်လာမည့် ကြိုးကြာကို စတွေ့ခဲ့တာ ။
"ဆရာမ "
ဆံပင်ရှည်တွေကို အုပ်လုံးသိမ်း၍ ဆံထုံးလေးထုံးထားကာ နှင်းဆီနီတစ်ပွင့်ကိုပန်ထားသော သူနာပြုဆရာမလေးကိုမြင်သည်နှင့် ထိုက်က သိလိုရာကို မေးမြန်းဖို့ ခေါ်လိုက်သည်။ခေါ်သံကြားလို့ လှည့်ကြည့်သောသူမဟာ ထိုက်ကိုကြည့်ပြီး
ဖော်ရွေသော အပြုံးဖြင့် ပြုံးပြ၏။"ဘာကူညီပေးရမလဲရှင်"
"ကျွန်တော် ဒီက ပါရဂူနဲ့တွေ့ချင်လို့ပါ"
ထိုက် စကားကြောင့် သူမက ပြုံးစစဖြင့် ဆက်ပြောသည်က -
"ဒီမှာ တာဝန်ချိန်အရကူပေးတဲ့ ပါရဂူတွေက အများကြီးရှိတာပါရှင့်...ပါရဂူနာမည်လေးသိခွင့်ရှိမလားရှင် ။ နာမည်သာသိရင် ကြိုးကြာပြောပြနိုင်ပါတယ် "
"ကျွန်တော့်ကို သေချာကြည့်ရင် ကျွန်တော်ဘယ်သူနဲ့တွေ့ချင်နေလဲဆိုတာ ဆရာမ သိလောက်ပါတယ်"
သူ့အပြောကြောင့် အရည်ကြည်လဲ့နေသော မျက်လုံးတွေက ထိုက်မျက်လုံးကိုလာစိုက်ကြည့်သည်။
"ဒေါက်တာမဏိစည်သူရဲ့သားများလား"
"ဟုတ်ပါတယ် ဒယ်ဒီဆီလာတာပါ...ဖုန်းဆက်ပေမဲ့ မကိုင်လို့ ကူညီပေးလို့ရမလား "
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]