"ရှိန်း....လွှတ်ပေး...အရိုင်းအစိုင်း"ရင်ခွင်ကျယ်ကြီးအား ထုရိုက်ပေမဲ့ တစတစကြမ်းလာသော အနမ်းတွေကြားမှာ မိုနာ့လက်တွေ မရိုက်နိုင်တော့ပါ ။မရမှန်းသိလျက် တွန်းထုတ်နေတဲ့လက်တွေဟာ နောက်ဆုံးမှာတော့ အားပျော့လာ၏။
"ရှိန်း....ငါ အခုမှဆေးရုံက ဆင်းလာတာနော်...လူစိတ်လေးရှိ...လွှတ်ပေး"
နှုတ်ခမ်းကို နမ်းနေရာကနေ လည်တိုင်ဆီကို နမ်းရှိုက်လေတော့ အသံထွက်ကာ ပြောဆိုနေပါသောသူမ။နမ်းရှိုက်ရုံတင်မဟုတ်ဘဲ ကိုက်ခဲလိုက် သွေးစတွေစုပ်ယူလိုက်ဖြင့် နှိပ်စက်နေတာကြောင့် နေရတာကျဥ်းကျပ်လာ၏။
"ရှိန်းမိုးထက်!!"
အသက်ရှူရခက်လာ၍ အားကုန်သုံးကာတွန်းလေတော့ အသာအယာ လွှတ်ပေးပြီး ပြုံးကာ သူမကိုကြည့်သည်။ ဘာသဘောနဲ့ပြုံးတာပါလိမ့်ဟု တွေးမိပေမဲ့ အပြုံးကောင်းဖြင့် ပြုံးတာတော့ မဖြစ်နိုင်ပေ ။
"ဆက်မဟာသော်က ဖက်ပဲဖက်ပေးသွားပြီး နမ်းမသွားလို့ အခဲမကြေဖြစ်နေတာကို...ရှိန်းက နမ်းလိုက်လို့ အဲ့လောက်ဒေါသတွေထွက်ပြနေတာပေါ့"
"ရှိန်း...မဆိုင်တဲ့လူကို ဆွဲမထည့်နဲ့။ ငါတကယ်မေတ္တာရပ်ခံတယ်။ မင်းက အထင်လွဲနေတာ "
"ဟုတ်ဦးတော့မှာပဲ ... ဖက်နေကြတာ နှစ်ကိုယ်တစ်ကိုယ်ပူးတော့မဲ့အတိုင်းကို ကျုပ်ကမမြင်လိုက်ဘူး "
နားရွက်ဖျားများကို နမ်းရှိုက်ပြီး ဆံပင်တွေကို စည်းနှောင်ထားတဲ့ လက်ကိုင်ပုဝါအား ဖြုတ်ချလိုက်ကာ မဲ့ပြုံးပြုံးကြည့်၏။
"ရှိန်းက ညှာသားပဲ။ မမကသာ ရှိန်းရဲ့ညှာတာမှုနဲ့မတန်အောင် ဖောက်ပြားတာ ။ ရှိန်းလေ မမကို အရမ်းမုန်းတာသိလား "
"နင် ပြောတတ်တာ ဒါပဲရှိတာလား ရှိန်းရယ် ။ ငါ့ကို မုန်းတယ်လို့ ပြောရတာ သိပ်အရသာရှိနေတာလား ။ ငါ ဆက်မဟာသော်ကို မချစ်ဘူး ။ ငါ ချစ်တာ ...ငါချစ်တာက ...."
ရှိန်းရဲ့မျက်ဝန်းတွေဆီက လက်ဖြာနေသည့် အရောင်တွေဟာ မုန်းတီးမှုရဲ့ စွမ်းအားတွေသာဖြစ်သည်။ အခုချိိန်မှာ သူမက သူ့ကိုသေလောက်အောင်ချစ်တယ်လို့ ပြောရင်တောင် အဲ့မျက်ဝန်းတွေကို အရောင်ပြောင်းနိုင်မှာ မဟုတ်လောက် ။ ရှိန်းမျက်ဝန်းတွေဆီက စကြဝဠာမက တည်ရှိနေတဲ့ အမုန်းတရားတွေကို ဘယ်လိုချေဖျက်ပေးလို့ ရနိုင်မလဲဆိုတာ သူမမသိ။
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]