"ရှိန်း... အိမ်ကြီးက ကြောက်စရာကြီးနော်"ရှိန်းလက်မောင်းလေးကို တွဲခိုရင်းပြောနေသည့် မိုနာရဲ့ မျက်ဝန်းတောက်တောက်လေးတွေက အပြစ်ကင်းစင်နေသည်ကို ရှိန်းသတိပြုမိစွာဖြင့်
တင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည် ။ နွေးထွေးသောလေသံဖြင့်လည်း -"ရှိန်း ပြင်ပေးမှာပေါ့ မမရဲ့ ။ မမကြိုက်တဲ့ အညိုရောင်တွေနဲ့ ရှိန်းအများကြီး အလှဆင်ပေးမယ်နော် " ဟုပြောလိုက်သည် ။ အခုကျတော့လည်း ရှိန်းရဲ့ပုံစံဟာ မိုနာ့အပေါ်ဆိုးနွဲ့တတ်တဲ့ကောင်လေးတစ်ယောက်နှင့်မတူတော့ ။ နှစ်သိမ့်ပေးပုံဟာ ညီမဖြစ်သူအား ချော့မော့နေတဲ့ အစ်ကိုတစ်ယောက်ပုံစံမျိုးအဖြစ် ပြောင်းလဲသွားသည်။
နူးညံ့သည့်လက်ဖဝါးလေးတွေဟာလည်း အလုံခြုံဆုံး ခံစားမှုကို ပေးစွမ်းနေ၏ ။ မိုနာ့ရဲ့ဘဝမှာ အခုမှနွေးထွေးမှုကို စတင်ခံစားဖူးသလိုပင် နွေးထွေးလွန်းသည် ။အမှန်က ရှိန်းရဲ့လက်နွေးထွေးလွန်းနေခြင်းဟာ သူမရဲ့လက်က လိုအပ်သည်ထက်ပိုပြီး အေးစက်နေတာကြောင့် မဟုတ်လား ။ဟုတ်သည် ။ လွန်ခဲ့သောမိနစ်ပိုင်းကအထိ သူမကြောက်ရွံ့နေ၏။"အတော်မှ ကြောက်စရာကောင်းနေလို့လား"
ရုတ်တရက်ထွက်လာသော အဘိုးရဲ့အသံကြောင့် မိုနာ့ကိုယ်လေးတုန်သွားသည်။ သူ့အိမ်ကြီးအား ကြောက်သလိုလုပ်နေသော မိုနာ့ကို အဘိုးသဘောမကျလောက်ဘူးဟု တွေးမိပြီး စိတ်ညည်းညူမှုလည်းဖြစ်၏။
"မိန်းကလေးက အတော်ပျော့ညံ့တာပဲနော် ဘာမဟုတ်တာလေးတောင် လန့်ပြီး ရှိန်းရဲ့လက်ကို သိမ်ဝင်မတတ်ဆုပ်ကိုင်နေလေတော့ ကြည့်ရတာ အဆင်မပြေလှဘူး. . . "
သိမ်းငှက်တစ်ကောင်ကဲ့သို့သော မျက်ဝန်းစူးစူးတွေက မိုနာ့ကို စိုက်ကြည့်ရင်း ဝေဖန်တော့ ရှိန်းက -
"မမက ကိုင်တာမဟုတ်ဘူး အဘိုးရဲ့ ။ ရှိန်းကကြောက်လို့ မမလက်ကိုကိုင်လိုက်တာ "
"ရှိန်းလေးကကြောက်တယ်"
"ကြောက်တာပေါ့ အဘိုးရဲ့...အိမ်ကြီးကလည်း ကြည့်ဦးလေ လေးထပ်တိုက်ကိုမှ ရဲတိုက်ကြီးလို တည်ဆောက်ပြီး ပြုပြင်ထားတာလည်း မဟုတ်တော့ ကြည့်ရဆိုးတယ် ။ ဒီအိမ်ကြီးကို ရှိန်းပြန်ပြင်မယ်နော်"
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]