"ညည်းကိုငါ ဘယ်နှခါပြောရမလဲ...ရှိန်းမိုးထက်ကို ညည်းလင်ဖြစ်အောင်လုပ်ပါဆို ။ အဲ့ကောင်လေးကိုကြည့် ရုပ်ရည်ရော စည်းစိမ်ရော ဘာများလိုအပ်နေလို့ ညည်ကချစ်ကြည့်လို့မရဘူးလုပ်နေရတာလဲ။ ဒီအဝတ်အစား ဒီနေပုံထိုင်ပုံနဲ့
ငါသာပြင်မပေးရင် ဟိုကပြန်တောင်ကြည့်ပါ့မလားလည်း မသိဘူးအေ။ ဒါများ ညည်းဘက်က မချစ်ရဘူးရှိသေး။ ငါသာ ရှိန်းအမေဆိုလည်း ညည်းနဲ့သဘောတူမှာ မဟုတ်ဘူး ... အဲ့ဒါကြောင့်ကို ရှိန်းမိုးထက်ဆီ ညည်းကိုချဉ်းကပ်ခိုင်းတာ။
မိလင်းလက်တို့ ဆွေ့ဆွေ့ခုန်နေလောက်ပြီ ။ ညည်းသာ ရှိန်းမိုးထက်ကို သူ့ချွေးမလက်ထဲက ရအောင်လုကြည့် မိလင်းလက် နေရာမှာတင် သေသွားမလားမသိဘူး "ဒါဟာ မိခင်တစ်ဦးက သမီးကို ပြောသင့်တဲ့စကားလားဟု ကြိုးကြာတွေးရင်း မသက်မသာ ခေါင်းညိတ်မိသည်။
ကြိုးကြာငယ်စဉ်ကတည်းက သူစိမ်းတွေကြားမှာနေခဲ့ရပြီး မိခင်ဖြစ်သူက ကြိုးကြာကို သုံးလတစ်ခါတောင်လာပြီး တွေ့လေ့ရှိသည်မဟုတ်။ တွေ့ဖြစ်ရင်တောင် ရင်ခွင်ထဲမှာ ထွေးပွေ့ထားတာ၊ဆံပင်တွေကို သပ်တင်ပေးတာ ဘာဆိုဘာကိုမှ မလုပ်ပေးခဲ့။
ကျေးလက်က အိမ်မှာတင်နေစေပြီး
သူမအသက် ၁၆နှစ်ကျမှ မေမေရှိရာ မြို့ပြသို့ မေမေက ခေါ်ခဲ့သည်။ သို့သော် အတူနေရဖို့ဆိုတာဝေးစွ။"ကြိုးကြာ...ငါပြောတာကြားလား"
"ဟုတ်..ကြားပါတယ်"
အတွေးလွန်နေတာက မေမေစကားကြောင့် သတိပြန်ဝင်လာပေမဲ့ မေမေကတော့ သူမရှိတဲ့တိုက်ခန်းလေးကနေထွက်သွားခဲ့ပြီ။မိလင်းလက်ဆိုတဲ့ အသံကို မကြားချင်မှအဆုံးကြားရသည်မို့ မေမေနဲ့ ရှိန်းတို့အမေဟာ ဘယ်လိုအခဲမကြေမှုတွေဖြင့် ရန်စတွေရှိခဲ့ကြသလဲမသိပေ ။
ကြိုးကြာလည်း ရှိန်းအပေါ်မှာ ချစ်ဟန်ဆောင်ပြီး နေရတာပင်ပန်းလှလေပြီ ။ ရှိန်း၏ ချိုကြည်ပြီး ရွှန်းမြနေသည့် အကြည့်စူးစူးတွေကြားမှာ မျောပါမသွားအောင် သတိဖြင့် ထိန်းချုပ်ရသည်ကလည်း ခက်ခဲသည်။ ထိုက်၏ ဥပေက္ခာတွေကြား ရှောင်ပုန်းရတာလဲ မောလှပါပြီ ။
YOU ARE READING
သိမ်းဆည်း၍ လောင်ကျွမ်းခြင်း
Randomခင်ဗျားရဲ့ အသွေးအသားတွေကို နေ့တိုင်းစားသုံးမယ်။ ဒါဟာ ချစ်လို့တော့ မဟုတ်ဘူး။ [မီးနီficပါ ။ အပိုင်းတိုင်းမှာ အထူးတလည်Warningမပေးတော့ဘူးနော် ]