Intro

4.2K 155 12
                                    

သုံးလောကအတွင်းမိုးသားကင်းစင်တဲ့နေ့
     နေနတ်ဘုရားတန်ခိုးထွန်းလင်းတဲ့နေ့မှာ
     လောကနတ်ဘုရားယန်ဟာ ရှောင်းကျန့်ကို အမတသခင်အဖြစ်တာ၀န်ပေးအပ်ပြီးသုံးလောကသားတို့ကိုးကွယ်ရာနတ်ဘုရားအဖြစ်ကြေညာခဲ့တယ်

     နှင်းကဲ့သို့ကြည်လင်ဖြူ၀င်းလှသော၀တ်စုံ
နှင်းကဲ့သို့အေးစက်လှသောအဖြူရောင်ဓားတစ်ချောင်းကိုကိုင်ဆောင်ပြီး ကြည်လင်တဲ့အပြုံးတစ်ခုကိုမျက်နှာမှာဆင်မြန်းထားတယ်
လောကနတ်ဘုရားယန်ရဲ့ရှေ့မှောက်မှာဒူးထောက်လို့ဘွဲ့တော်ကိုခံယူစေတယ်
   
ကြိုးပိတ်စဖြူလွှလွှတစ်စုံကိုအမတသခင်ရဲ့ဆံထုံးထက်မှာပတ်ပေးလိုက်တယ်

'မွန်မြတ်လှသောအမတသခင်ရှစ်ယင်!'

ယန်ဟာရှစ်ယင်ကိုထစေလိုက်ပြီးတခြားနတ်ဘုရားတေရှေ့မှောက်သူ့နဲ့တန်းတူရပ်စေကာအရိုသေပေးမှုကိုခံယူစေတယ်

ရှစ်ယင်ဟာသူ့ရဲ့လက်တစ်ဖက်ကဓားကိုကျောနောက်ပြောင်းလွယ်လိုက်ပြီးလက်နှစ်ဖက်ကိုယှက်လျက်ရှေ့ကိုဆန့်တန်းကာအရှေ့ကနတ်ဘုရားအသီးသီးကိုဦးညွှတ်တယ်

'အမတသခင်ရှစ်ယင် ကျွန်တော်မျိုးသည်
ဦးခေါင်းထက်ဘယ်လိုအကြောင်းမျိုးကြောင့်မှသရဖူမဆောင်းစေရ
လိမ်လည်လှည့်ဖျားခြင်းမရှိစေရ
ကာမဂုဏ်လိုက်စားခြင်းမရှိစေရ
သေရည်အရက်မသောက်စေရ
လောကီအကြောင်းအရာများကို၀င်မစွက်ဖက်စေရ
လောကနတ်ဘုရားယန် နည်းတူ သုံးလောကအကျိုးကိုသမာသမတ်ကျစွာထမ်းဆောင်မည်ဖြစ်ကြောင်းသစ္စာဆိုပါသည်
ဖောက်ဖျက်ခဲ့သည်ရှိသော်ကျွန်တော်မျိုး၏ဦးခေါင်းနဲ့ခန္ဓာသည်ပြင်းထန်စွာသော၀ေဒနာကိုခံစားပြီးလျှင်ငရဲ၌ထာ၀ရနေရပါလို၏။'

ရှစ်ယင်သည်သစ္စာအဓိဌာန်ဆိုပြီးနောက်
ကြည်လင်တဲ့မျက်လုံးအစုံကိုအနည်းငယ်မှေးကျဥ်းကာနှစ်လိုဖွယ်ပြုံး၍လောကနတ်ဘုရားယန်ကိုအရိုသေပေးလိုက်သည်

ဤတွင်အမတသခင် ခန့်အပ်ခြင်းပြီးဆုံး၏။
__________
  'ရက်စက်ကြမ်းကြုတ်တဲ့မကောင်းဆိုး၀ါးကိုမလွှတ်စေနဲ့အရှင်ဖမ်းခဲ့ပြီးအရိုးတခြားအသားတခြားဖြစ်အောင်ငါကိုယ်တိုင်စီရင်မယ်'

LOVE TO HELL(complete) Où les histoires vivent. Découvrez maintenant