ခမောက်အနက်ရောင်ဆောင်းထားပြီးပု၀ါအမဲကိုပါးစပ်မှာစီးထားတဲ့ကောင်လေးတစ်ယောက်။
မျက်နှာကိုသေချာမမြင်ရဘူး သွေးတစ်တောက်တောက်ကျနေတဲ့ဓားရှည်တစ်ချောင်းကိုကိုင်ပြီးအသည်းအသန်ပြေးနေတယ်နတ်ဘုရားရဲ့လက်ပါးစေတေကဒဏ်ရာအချို့နဲ့အတူအရှေ့ကကောင်လေးနောက်ကိုပြေးလိုက်ကြတယ်
ကျွင်းဖိန်ကသူ့လက်ပါးစေတေရဲ့အချက်ပေးသံကြားတာနဲ့ဗျတ်စောင်းအနက်ရောင်ကိုထုတ်လိုက်ပြီးအချက်ပြမီးနောက်ကိုလိုက်တယ်
'မမှီတော့ဘူးတောနက်ထဲ၀င်သွားပြီ'
'ဒဏ်ရာတေကိုအရင်ကုလိုက် အဲ့မကောင်းဆိုး၀ါးနောက်ငါလိုက်မယ်'
'သတိထားပါ ကျွင်းနတ်ဘုရား..သူကအရမ်းလျင်တယ်'
'ငါလဲမညံ့ပါဘူး'
ကျွင်းဖိန်က လေပေါ်ပျံလိုက်ပြီးတောနက်ရဲ့အပေါ်စီးကနေတရားခံကိုလိုက်ရှာနေတယ်
တောနက်ထဲမှာကောင်လေးကရီပြီးပြေးနေတယ်ညနက်လာပြီးကောင်းကင်တစ်ခုလုံးအမှောင်ဖုံးသွားချိန်မှာ၀မ်ရိပေါ်က မက်မွန်ပင်အကြီးကြီးကိုတွေ့တယ်ခဏထိုင်နားလိုက်ပြီးသူ့ရဲ့ဒဏ်ရာကိုကြည့်တယ် လက်ဖျံမှာနည်းနည်းလေးယှက်ထိသွားတာပါ
'ဟက်..ဟိုနောက်လိုက်ခွေးတေလက်ကတော့တစ်လလောက်သုံးစားရမှာမဟုတ်ဘူး'
ရုတ်တရက်သစ်ရွက်နင်းသံကြားလိုက်တာမို့၀မ်ရိပေါ်ကသူ့ဓားကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တယ်
*သေလိုက်စမ်းပါ ငါတစ်နေကုန်ပြေးနေရမှာလားမောလို့သေတော့မယ်လာရှာမနေပါနဲ့တော့ကျွင်းဖိန်*
သစ်ပင်ရဲ့အကွယ်နောက်ကနေထွက်လာပြီး၀မ်ရိပေါ်ကသူ့ဓားကို၀ှေ့ရမ်းပြီးအရှေ့ကလူကိုတိုက်တယ်မှောင်မည်းနေလို့ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်းအကြားအာရုံနဲ့တည်နေရာကိုခန့်မှန်းပြီးတိုက်လို့ရတယ်
ကျွင်းဖိန်ကနတ်မျက်စိရှိသူမို့အရှေ့ကလူကိုကောင်းကောင်းမြင်ရတယ်ဒါပေမဲ့မျက်နှာကပု၀ါစီးထားတာကြောင့်စူးရဲတဲ့မျက်လုံးတစ်စုံကိုပဲစိုက်ကြည့်နေပြီးတိုက်တယ်
VOUS LISEZ
LOVE TO HELL(complete)