ဟောက်ယန်ကသူ့ကိုပုန်ကန်နေတဲ့တပည့်ဆိုးလေးအတွက် အထူးကျင့်စဥ်တစ်ခုကိုလေ့လာနေတယ်
ရိပေါ်ကသူ့ရှေ့မှာလာချထားတဲ့ထမင်းခွက်တေကိုမစားပဲထိုင်ကြည့်နေတယ်၂ရက်ရှိပြီသူ့ဆရာကသူ့ဆီမလာတာ အလုပ်များနေပုံပဲရိပေါ်ဒီအခြေနေကိုအခွင့်ကောင်းယူပြီးထွက်ပြေးဖို့လုပ်တယ်
သူ့ခြေထောက်ကသံကြိုးကရိုးရိုးနည်းနဲ့ဖြည်မရတာကြောင့်ရိပေါ်သူ့ဆရာသင်ထားတဲ့မကောင်းတဲ့ပညာကိုထုတ်သုံးရပြန်တယ်
ရိပေါ်သံကြိုးကလွတ်တာနဲ့မရပ်မနားထွက်ပြေးသွားတယ်သူလွတ်ပြီအထင်နဲ့ပေါ့ခဏအကြာဟောက်ယန်ကသူ့တပည့်လေးကိုလာကြည့်တယ် ပျတ်နေတဲ့သံကြိုးကိုကိုင်ကြည့်ပြီးတော့ပြုံးလိုက်တယ်
ရိပေါ်ပြေးနေရင်းအားမရှိတော့ဘူးတောင်ပေါ်ကိုသူရောက်အောင်သွားမှဖြစ်မယ်။၂ရက်လောက်အစာမစားထားတာကြောင့်သူ့ရဲ့နှုတ်ခမ်းတေကဖျော့တော့ပြီး မျက်နှာမှာသွေးမရှိသလိုဖြစ်နေတယ်
၃ရက်မြောက်နေ့မနက်အာရုံတက်ချိန်မှာသူတောင်ပေါ်ရောက်လာတယ်နတ်ဘုရားယန်ဆီသွားမယ်လို့သူ့ကိုသူသတိပေးနေပေမဲ့သူ့ခန္ဓာကိုယ်ကလက်မခံဘဲရှောင်းကျန့်ဆီကိုသွားနေမိတယ် သူ့ရဲ့ရှစ်ဖူကသူ့ကိုတွေ့ရင်ဘယ်လိုဖြစ်သွားမလဲသိနေပေမဲ့သူအရဲစွန့်ပြီးဥယျာဥ်ထဲ၀င်လိိုက်တယ်
မလာတာကြာလို့ထင်ပါရဲ့ဥယျာဥ်ကြီးကအရမ်းတေခြောက်ကပ်နေသလိုပဲ
ရိပေါ်အသံတိုးတိုးလေးထွက်လာတယ်'ရှစ်ဖူ..'
ပတ်၀န်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေပြီးမက်မွန်ပင်ရဲ့ပန်းခက်တေက လေတိုက်နေတာကြောင့်လှုပ်ရမ်းနေတယ် ပန်းရောင်ပွင့်ဖက်အနည်းငယ်ကရိပေါ့်ကိုယ်ပေါ်ကြွေကျလာတယ် ရိပေါ်သာအပင်တေရဲ့စကားကိုနားလည်နိုင်ရင်မက်မွန်ပန်းတေသူ့ကိုပြောမှာက အရမ်းအထီးကျန်နေတယ်တဲ့
ရိပေါ်ပန်းပွင့်လေးကိုလွှတ်ချပြီးသူ့ရှစ်ဖူရဲ့အဆောင်ထဲကို၀င်လိုက်တယ် လူမနေတာကြာမှန်းသိသာစေတဲ့အရာတေကိုသူတွေ့လိုက်ရတယ် ဒါပေမဲ့ဖုန်တက်နေတဲ့စားပွဲပေါ်ကပန်းကန်လေးကိုတွေ့တော့ရိပေါ်ကောက်ကိုင်လိုက်တယ် ပန်းကန်ထဲမှာမှိုတက်နေတဲ့ပဲမုန့်၄ခုတွေ့တယ်
YOU ARE READING
LOVE TO HELL(complete)