၀မ်ရိပေါ်သူ့ရှေ့ကရှစ်ဖူနောက်ကိုလိမ်လိမ်မာမာလေးလိုက်တယ် အခုနတ်ဘုရားယန်ဆီသွားမှာမို့လိို့ရှောင်းကျန့်ကသူ့ကိိုကောင်းကောင်းမွန်မွန်ဆင်ထားတယ်ရှစ်ဖူလိုအဖြူရောင်၀တ်စုံ၀တ်ရတာလဲမဆိုးလှဘူး
ဒါပေမဲ့သူ့မှာရှောင်းကျန့်လိုဆံပင်ရှည်တေမရှိဘူးမှီသလောက်ဆံပင်လေးကိုတစ်၀က်ခွဲစီးထားပြီးမျက်နှာရှေ့ကိုဆံပင်အတိုအနှမ်းလေးတေကကျနေတယ်
အရှေ့ကရှောင်းကျန့်ကထီးဖြူလေးကိိုင်ပြီးသူ့ကိုအမြန်လာဖို့ခေါ်တယ်
ရှောင်းကျန့်ရဲ့အနောက်ပိုင်းအလှကိုရိပေါ်ကြည့်လို့မ၀သေးဘူးဒါပေမဲ့ဘေးချင်းကပ်သွားရမှာမို့ရှောင်းကျန့်နားကိုပြေးလာပြီးထီးရိပ်အောက်ကို၀င်လိုက်တယ်*ရှစ်ဖူကဘယ်ရှုထောင့်ကကြည့်ကြည့်တကယ်လှတယ်*
'၀မ်ရိပေါ် '
'ဟင်'
'ရိုင်းပြန်ပြီလား..ဆရာယန်ရှေ့ရောက်ရင်ရိုင်းပြတဲ့အမူရာမျိုးတေစကားတေမပြောမိစေနဲ့နော်'
'အင်းပါရှစ်ဖူရယ်'
ရှောင်းကျန့်ကမျက်စောင်းလေးနဲ့ထိုးလိုက်တဲ့ချိန်မှာ၀မ်ရိပေါ်ကသူ့ပါးစပ်ကိုအပြစ်ပေးသလိုအသာရိုက်လို့ပြန်ပြင်ပြောတယ်
'အာ..ဟုတ်ကဲ့ပါရှစ်ဖူလို့'
*နတ်ဘုရားယန်ငါ့ကိုမသိဖို့မျှော်လင့်ပါတယ်ဒီလိုဆိုအဲ့မှာဟိုတရားရေးနတ်ဘုရား
ကျွင်းဖိန်ပါရှိနေမှာမလား သေစမ်းရိပေါ်ဘယ်လိုလုပ်ရမလဲ*နတ်ဘုရားယန်ရဲ့အဆောင်ရှေ့ရောက်တဲ့အခါအစောင့်တေက အမတသခင် ကိုမြင်တာနဲ့အရိုအသေပေးပြီးမြန်မြန်တံခါးဖွင့်ပေး
ကြတယ် အမတသခင်ဘေးမှာပါလာတဲ့ ကောင်လေးကိုလဲအထူးဆန်းလိုက်ကြည့်နေတယ်
YOU ARE READING
LOVE TO HELL(complete)