ep_2

1.2K 126 10
                                    

၀မ်ရိပေါ်ကနှစ်ရက်လောက်သတိမေ့နေခဲ့တယ်နေ့နေ့ညညရှောင်းကျန့်ကဆေးကုပေးထားတယ် မိန်မိန်ကလဲလိုအပ်တာလေးတေ
၀ိုင်းလုပ်ပေးတယ်နှစ်ရက်ရှိပြီအခြေနေမထူးသေးတာမို့မိန်မိန်က စိတ်မရှည်တော့ဘူး

'ရှစ်ဖူ..သူကသတိပြန်မရတော့ဘူးထင်တယ်ဘယ်ချိန်ထိခေါ်ထားမှာလဲ'

'မတွေ့ဘူးလားသူကောင်းကောင်းအသက်ရှူနေတာကိို..သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာသတိရလာတဲ့ထိစောင့်ရအောင် နင်ပင်ပန်းနေပြီဆိုသွားနားလိုက်ရတယ်ဒီမှာလုပ်ပေးစရာမရှိတော့ဘူး'

'မပင်ပန်းပါဘူးနည်းနည်းလေးမှမပင်ပန်းပါဘူးမိန်မိန်ကရှစ်ဖူပင်ပန်းမှာဆိုးလို့ပါ'

'ငါအဆင်ပြေတာမို့ရှောင်းအိမ်တော်ကိုလဲသွားလိုက်အုန်းမားတို့ကိုအဖော်ပြုပေးလိုက်'

'ဒါဆိုမနက်ဖြန်မှလာခဲ့ပါမယ်ရှစ်ဖူ'

သုံးရက်မြောက်ညမှာလေတေအရမ်းတိုက်တယ်ဥယျာဥ်ထဲကအဆောင်မှာရှောင်းကျန့်ကထိုင်ပြီးတရားမှတ်နေတယ်သူ့ဘေးက
ကုတင်ပေါ်မှာ၀မ်ရိပေါ်ကအိပ်မောကျနေတုန်း

ညအတော်နက်လာပြီဒီအချိန်လဲ၀မ်ရိပေါ်ကသတိရအုန်းမှာမဟုတ်ဘူးဆိုပြီးရှောင်းကျန့်လဲကုတင်ဘေးမှာမှီပြီးအိပ်လိုက်တယ်

အဆောင်မှာသူတစ်ယောက်ထဲနေနေကြမို့ကုတင်ကတစ်လုံးပဲရှိတယ်ကုတင်ပေါ်ကိုလက်တစ်ဖက်တင်ပြီးအိပ်ပျော်သွားတယ်
ဒီပုံစံကိုမိန်မိန်သာမြင်ရင်သွေးတက်တော့မယ်လို့တော့တွေးမိပါတယ်

ဒါပေမဲ့ရှောင်းကျန့်က အမတသခင် ဆိုတဲ့ဂုဏ်ပုဒ်နဲ့၀င့်ကြွားစွာနေတဲ့သူတစ်ယောက်မဟုတ်ဘူး

အသက်ငယ်ငယ်လေးနဲ့ရှစ်ယင်ဖြစ်သွားလို့
မနာလိုမုန်းတီးနေတဲ့သူတေလဲရှိတယ်ရှောင်းကျန့်ကတော့အရာရာကိုခွင့်လွှတ်ပြီးသူ့ရဲ့
ရှိရင်းပုံစံအတိုင်းသာနေတယ်

၀မ်ရိပေါ်လက်တေကျင်လာသလိုခံစားရတယ်မျက်လုံးကိုဖွင့်ချင်သော်လည်းမျက်ခွံကအရမ်းလေးလံနေတာမို့ဖွင့်မရဘူးသူအိမ်မက်ဆိုးကနေနိုးလာသလိုပဲခေါင်းတေမူးနေတယ်တစ်ကိုယ်လုံးလှုပ်လို့မရအောင်ကိုင်ရိုက်ထားသလိုပဲ

LOVE TO HELL(complete) Tempat cerita menjadi hidup. Temukan sekarang