Extra 1

1.1K 77 0
                                    

'ရှစ်ဖူ..ရှစ်ဖူ..'

'ရိပေါ်...ရိပေါ်!!ထတော့'

ရိပေါ်စာရေးခုံမှာမှောက်အိပ်တာကြာသွားတော့မျက်နှာမှာအစင်းရာအနည်းငယ်ထင်နေတယ်

'ချီး! ၀မ်ရိပေါ်ငိုနေပြန်ပြီ'

'ငါမင်းကိုထပ်တွေ့တယ်အိမ်မက်ထဲမှာ'

'ဂေါက်သီးလေး ငါတို့သမိုင်းလာမသင်သင့်ဘူး ဟိုတစ်ပတ် အဲ့ရာဇ၀င်အကြောင်းသင်ပြီးတာနဲ့မင်းအခုထိဒီလိုဖြစ်နေတာ သတိလေးထားပါအုန်းမင်းအဲ့ဇာတ်ကောင်တေကိုအရမ်းစွဲလမ်းနေတာဖြစ်မယ်'

ရိပေါ်သူ့ပါးပေါ်ကမျက်ရည်လေးနှစ်ကြောင်းကိုသုတ်လိုက်ပြီးရှောင်းကျန့်ကိုဖက်လိုက်တယ်

'အင်းပါ ငါသူ့ကိုမလိုချင်ဘူးမင်းရှိနေရင်ရပြီ'

'ဟေး..၀မ်ရိပေါ်ငါ့ကိုမင်းကောင်မလေးများထင်နေလား လွှတ်စမ်းပါ!'

'မင်းကတကယ် အဲ့ဇာတ်လမ်းထဲက
အမတသခင်နဲ့တူတယ် '

'အိုက်ရိုး၀မ်ရိပေါ်..ငါ့ကိုအဲ့လိုကြီးမပြောပါနဲ့ကျက်သီးတေထတယ် ဒီမှာသင်္ချာကူတွက်ပေးအုန်းပြီးရင်ဆရာလာတော့မှာ'

ရှောင်းကျန့်ကရိပေါ်နဲ့ဘေးချင်းကပ်အိမ်ကကောင်လေးဖြစ်တယ် ရိပေါ်မွေးထဲကသူ့မျက်စိရှေ့မှာအမြဲမြင်နေရတာ အရမ်းလှတဲ့ရှောင်းကျန့် သူ့သူငယ်ချင်းလေး  ငယ်ငယ်ထဲကကျောင်းအတူတူတက်ခဲ့ပြီးတက္ကသိုလ်ရောက်တဲ့ထိမေဂျာအတူတူယူခဲ့တယ် သမိုင်းကို မိုင်နာဘာသာအနေနဲ့သင်ရပေမဲ့၀မ်ရိပေါ်ကအဲ့ဘာသာကိုအတော်သဘောကျပုံရတယ်

သူတို့တက္ကသိုလ်တက်တာလပိုင်းတောင်မရှိသေးဘူး  လွန်ခဲ့တဲ့၁ပတ်ကသမိုင်းဆရာမကသူတို့ကိုသူမအရမ်းသဘောကျတဲ့သမိုင်းရာဇ၀င်တစ်ပုဒ်အကြောင်းပြောတယ် အဲ့ထဲကအမတသခင်နဲ့
မိစ္ဆာကောင်လေးရဲ့အကြောင်းက ၀မ်းနည်းဖို့ကောင်းလွန်းတယ်  ရှောင်းကျန့်လဲအဲ့တာနားထောင်ပြီးတော့မျက်ရည်ကျခဲ့သေးတယ်
ဒါပေမဲ့၀မ်ရိပေါ်ကအဲ့လိုမဟုတ်ဘူး အဲ့နေ့ကအိမ်ပြန်ရောက်တာနဲ့နာနာကျင်ကျင်ငိုနေခဲ့တယ်  အဲ့နောက်ပိုင်းသူအိမ်မက်တေခဏခဏမက်တယ်ပြီးရင်အမြဲရှစ်ဖူလို့ယောင်ပြီးခေါ်နေတတ်တယ် တစ်ခါတစ်လေရှောင်းကျန့်ကိုအမတသခင်ပါဆိုပြီးဖက်ငိုနေသေးတယ်

LOVE TO HELL(complete) Where stories live. Discover now