ရှောင်းကျန့်ဦးတည်ရာမရှိရိပေါ့်ကိုထမ်းရင်းသွားနေတယ် ဘယ်ကိုသွားရမလဲမသိပေမဲ့နတ်ဘုရားတေနဲ့၀ေးရာကိုထွက်လာတယ်
မြစ်တစ်ခုနားအရောက်မှာရှောင်းကျန့်က
ရိပေါ့်ကိုချလိုက်ပြီးရေခပ်သောက်တယ် ပြီးတော့သူ့လက်ခုပ်နဲ့ရေအနည်းငယ်သယ်ပြီးရိပေါ့်ပါးစပ်နားတေ့ပေးပြီးတိုက်တယ်
ရေအနည်းငယ်၀င်သွားပြီးနောက်ရိပေါ်ကသတိပြန်ရလာတယ် လမ်းတစ်လျှောက်မှာသူ့ကိုသူသတိမမေ့အောင်ထိန်းထားပေမဲ့တစ်ချက်တစ်ချက်ဒဏ်ရာရှိန်တေကြောင့်သူအိပ်ပျော်သွားတယ် သူ့ရှစ်ဖူကသူ့ကိုထမ်းပြီးခရီးရှည်ကြီးနှင်နေရတာ သူဘယ်လိုများအိပ်ပြီးလိုက်လာရက်မှာလဲရှောင်းကျန့်ရဲ့အကျီအဖြူဟာဖုန်တေရေတေနဲ့ညစ်ပတ်နေပြီ ခဏထိုင်နားပြီးတော့ရှောင်းကျန့်ကရိပေါ့်ကိုကုန်းပိုးဖို့ပြင်တယ်
'ရှစ်ဖူ...'
'ရိပေါ်ဘယ်နားနာလို့လဲ'
'ကျွန်တော်အဆင်ပြေတယ်...ရှစ်ဖူခဏနားပါအုန်းအရမ်းပင်ပန်းနေပြီမလား'
'မပင်ပန်းဘူး ငါတို့ထွက်လာတာဘယ်လောက်မှမရှိသေးဘူး ရှစ်ဖူယန် လာရှာရင်ခဏလေးမိသွားမှာ'
'ဒါပေမဲ့..'
ရှောင်းကျန့်ကရိပေါ်ပြောတာကိုနားမထောင်ဘဲရိပေါ့်ကိုကျောပိုးပြီးခရီးဆက်တယ်
အဲ့အချိန်ခပ်လှမ်းလှမ်းကနေမြင်းတစ်ကောင်ကိုဒုန်းစိုင်းစီးလာတဲ့အသံကြောင့်၂ယောက်လုံးလန့်သွားတယ်မြင်းခြေသံကပိုကျယ်လာတာနဲ့အမျှအသံဆာဆာလေးပါကပ်ပါလာတယ်
'ရှစ်ဖူ...ရှစ်ဖူ..ခဏစောင့်ပါအုန်းကျွန်မ မြင်းယူလာပေးတယ်'
'ချွမ်းဟွာ..'
ရိပေါ်ကရှောင်းကျန့်ကိုယ်ပေါ်ကဆင်းပြီးရှောင်းကျန့်ကိုမှီထားရင်းမေးတယ်
'ချွမ်းဟွာ? ရှစ်ဖူနဲ့သိတဲ့လူလား'
'အင်းမိန်မိန်မရှိတော့တဲ့နောက်ပိုင်းငါ့ကိုစောင့်ရှောက်ပေးနေခဲ့တာ အရမ်းစကားများတဲ့
ချွမ်းဟွာပေါ့'ရှောင်းကျန့်ကမျက်ရည်တေကြားထဲကပြုံးပြီးပြောတယ် သူဘေးနားမှာရှိခဲ့တဲ့သူတိုင်းကအရမ်းကောင်းတယ်
![](https://img.wattpad.com/cover/328804953-288-k628790.jpg)
YOU ARE READING
LOVE TO HELL(complete)