ep_12

861 89 7
                                        

ရှောင်းကျန့်ခြံထဲဆင်းဖို့လုပ်တော့အခန်းရှေ့တည့်တည့်မှာရပ်နေတဲ့ရိပေါ်ကြောင့်လန့်သွားတယ် နီးကပ်နေတဲ့အနေထားမှာမနေ့ကစျေးထဲကအခြေနေကိုပြန်တွေးမိပြီးနည်းနည်းရှက်မိတယ်

'၀မ်ရိပေါ်'

ဘာမှမပြောဘဲသူ့ကိုစိုက်ကြည့်နေတဲ့ရိပေါ့်မျက်လုံးတေကနီနေသလိုပဲ အထင်မှားတာနေမှာပါဆိုပြီးရှောင်းကျန့်ကရိပေါ့်ကိုထပ်ခေါ်တယ်

'၀မ်ရိပေါ်ဒီမှာဘာလို့ရပ်နေတာလဲ'

ရှောင်းကျန့်ကရိပေါ့်ပုခုံးကိုလှမ်းထိခါနီးမှာသူ့ရဲ့လက်ကပုတ်ထုတ်ခြင်းခံလိုက်ရတယ်

'ရှောင်းကျန့်'

၀မ်ရိပေါ်ကသူ့နာမည်ရင်းခေါ်တဲ့အခါမှာနည်းနည်းလန့်သွားတယ်အကြောင်းပြချက်မရှိရိုက်ထုတ်ခံလိုက်ရတဲ့သူ့လက်ကလေးကိုပြန်ပွတ်ရင်းထပ်မေးတယ်

'ရိပေါ်ဘာဖြစ်လာတာလဲ'

'ဘယ်ချိန်ကလဲ ဘယ်ချိန်ကအဲ့လိုအကြံစည်တေရှိနေခဲ့တာလဲ'

'ရိပေါ်..'

ရှောင်းကျန့်ဘာပြောရမှန်းမသိဘူးရိပေါ့်နာမည်ကိုပဲသူထပ်ခါတလဲလဲခေါ်နေမိတယ်

'အဲ့တာကြောင့်ကိုစတွေ့ကတည်းကခင်ဗျားကျွန်တော့်ကိုကယ်ထားစရာအကြောင်းမှမရှိတာကျွန်တော်မေ့သွားတယ်နတ်ဘုရားတေအားလုံးကအတူတူပဲဆိုတာ'

ရှောင်းကျန့်သူတို့နှစ်ယောက်စတွေ့တဲ့ရေတံခွန်နေရာကြီးပြန်တွေးတယ်ပြီးတော့သူ၀မ်းနည်းလာသလိုပဲရိပေါ်ကတစ်ခါမှသူ့ရှေ့မှာဒီလောက်မဆိုးဖူးဘူး
မိန်မိန်ကသူ့ကိုအမြဲပြောတယ်
*၀မ်ရိပေါ်ရဲ့အကြည့်တေကကြောက်ဖို့ကောင်းတယ်*
*မဟုတ်ပါဘူးသူကအမြဲချိုသာနေတာပါ*
*အဲ့တာရှစ်ဖူတစ်ယောက်ထဲကိုပဲလေ*

ရှောင်းကျန့်ပြန်တွေးရင်းလက်ရှိအချိန်ကရိပေါ့်မျက်လုံးကိုပြန်ကြည့်တယ်

'ဒီလိုမျိုးလားသူများတေကြောက်နေကြတာမင်းရဲ့ဒီလိုမျက်လုံးကိုလား'

ရိပေါ်ကရှောင်းကျန့်ပုခုံးကိုဆွဲလှုပ်ပြီးအော်တယ်
'ဘာလို့လဲ!!ကျွန်တော်တို့မိသားစုကခင်ဗျားတို့ကိုဘာအပြစ်များလုပ်မိလို့လဲ..ဘာလို့ပါးကိုအဲ့လိုလုပ်ရတာလဲ'

LOVE TO HELL(complete) Waar verhalen tot leven komen. Ontdek het nu