ရိပေါ်၁၀နှစ်အရွယ်သူ့ပါးနဲ့မားကအကြီးကျယ်ရန်ဖြစ်ကြတယ်ဘာကြောင့်လဲရိပေါ်မသိပေမဲ့မားကတော့ပါးကိုတော်တော်လေး
ရွံရှာသလိုအကြည့်တေနဲ့ကြည့်ပြီးဒေါသတေထွက်နေခဲ့တယ်ရိပေါ်မွေးကတည်းကသူ့ပါးနဲ့မားဒီလောက်ရန်ဖြစ်တာမတွေ့ဖူးဘူးသူတို့ကအမြဲတမ်းအဆင်ပြေနေခဲ့ကြတယ်
ရန်ဖြစ်ပြီးနောက်နေ့မှာသူတို့ရွာကလူကြီးကအမောတကောပြေးလာပြီးသူ့တို့မိသားစုကိုထွက်ပြေးဖို့ပြောတယ်
ရိပေါ်ကခြံထဲမှာ၀ါးခြမ်းပြားနဲ့ကစားနေရင်းထပ်တလဲလဲကြားတဲ့သံက
*ချန်မင်းဆက်ကမင်းတို့ကိုအလွတ်ပေးမှာမဟုတ်ဘူးမင်းတို့ကိုသတ်လိုက်မယ်ပြေး..ပြေးတော့*ရွာလူကြီးကအဲ့စကားလုံးတေကိုပဲထပ်တလဲလဲရေရွတ်ရင်းပြေး၀င်လာတယ်ရိပေါ်ကလန့်ပြီး၀ါးခြမ်းပြားလေးကိုပစ်ချပြီး အိမ်ထဲ၀င်၀င်ခြင်းသူ့မားရဲ့အော်သံကြားလိုက်ရတယ်အထဲရောက်တော့သူတွေ့လိုက်တာကသူ့ပါးကကြမ်းပြင်မှာခေါင်းပြတ်နေတယ်မားရဲ့အကျီမှာလဲသွေးစတေတစ်ချို့စင်နေတယ်ရိပေါ်ရပ်နေတဲ့ခြေထောက်နားထိသွေးတေကစီးလာတယ်
ရိပေါ်ကအော်ငိုနေခဲ့ပေမဲ့အသံကမထွက်လာဘူးအဲ့အချိန်သူ့မားကလဲငိုယိုနေပြီးသူတို့အရှေ့မှာရပ်နေတဲ့၀တ်အစားကောင်းကောင်းတေနဲ့ရွှေရောင်တဖိတ်ဖိတ်နဲ့လူတစ်ယောက်ကိုသူ့မားကဒူးထောက်ပြီးတောင်းပန်နေတယ်
'နတ်ဘုရားယန်ခွင့်လွှတ်ပေးပါ ကျွန်တော်မျိုးမရဲ့ယောကျ်ားကအဲ့လိုမလုပ်ခဲ့ပါဘူးအဲ့တာဟိုမင်းသားငယ်ကမြူစွယ်တာဖြစ်ပါလိမ့်မယ်အရှင်'
*မင်းသားငယ်ဆိုတာဘယ်သူလဲ*
ရိပေါ်တွေးနေတုန်းမှာပဲနတ်ဘုရားယန်က
သူ့အမေကိုပါးရိုက်လိုက်တယ်တကယ်တော့ရိုက်တာမဟုတ်ပဲလေထဲမှာတင်သူ့လက်ကိုလွှဲလိုက်တာနဲ့ရိပေါ့်မားကပစ်လဲကျသွားတယ်ရိပေါ်ကလက်သီးကိုကျစ်ကျစ်ဆုပ်ထားပြီးရှိုက်ငိုနေတယ်
နတ်ဘုရားတေကအဲ့လောက်တောင်အစွမ်းထက်တာလားသူ့ပါးရဲ့ပြတ်နေတဲ့ခေါင်းကိုရိပေါ်မမြင်ချင်ယောင်ဆောင်ထားတယ်ထပ်ကြည့်မိရင်သူမေ့လဲသွားလိုက်မယ်တကိိုယ်လုံးတုန်နေပေမဲ့သတိမလွတ်သွားအောင်ထိန်းထားရင်းသူ့မားနဲ့အရှေ့ကနတ်ဘုရားပြောနေတာတေကိုသေချာနားထောင်နေတယ်
ဘာလို့ဒီလိုကိစ္စတေလာဖြစ်နေရတာလဲ
YOU ARE READING
LOVE TO HELL(complete)