ep_15

831 83 12
                                    

သံတိုင်တေနောက်ကရိပေါ့်ရဲ့ပုံစံကရှောင်းကျန့်ကိုအများကြီးထိတ်လန့်စေတယ်

၀မ်ရိပေါ်ကနံရံမှာမှီပြီးအိပ်ပျော်နေတယ်လက်တေခြေတေမလှုပ်နိုင်ပဲခေါင်းငုံထားပြီးတိုးတိုးလေးငြီးနေတယ် ခန္ဓာကိုယ်ကနာလွန်းလို့ထင်ပါရဲ့

ရှောင်းကျန့်သံတိုင်နားကပ်သွားတယ်သူ့ရဲ့လက်တေကအေးစက်နေတဲ့သံတိိုင်ကိုဆုပ်ကိုင်ထားရင်းငိုနေတယ်
သူ့အရှေ့မှာ၀မ်ရိပေါ်ကနာကျင်စွာအိပ်စက်နေတယ်ဒီမြင်ကွင်းကသူ့အတွက်ဘာလို့များ၀မ်းနည်းဖို့ကောင်းနေရတာလဲရင်ဘက်ထဲက၀မ်းနည်းမှုကမျက်နှာအထိတစ်ရိပ်ရိပ်တက်လာတယ်

ရှောင်းကျန့်ကအရင်ဆုံးသူ့ကိုသူအပြစ်တင်နေမိတယ်သူ့တပည့်ကိုမကာကွယ်ပေးနိုင်ခဲ့ဘူးရိပေါ့်ကိုလိမ္မာအောင်ဆုံးမနိုင်မယ်ထင်ထားခဲ့တာအခုလိုအခြေနေမျိုးမြင်ရဖို့မဟုတ်ဘူး

'ရိပေါ်..'

ရှောင်းကျန့်ကတိုးတိုးလေးခေါ်လိုက်တယ်မှီပြီးအိပ်နေတဲ့လူကအနည်းငယ်လှုပ်ရှားလာတယ်မျက်ခွံကိုအားယူဖွင့်ပေမဲ့မျက်နှာကသွေးတေကခြောက်ပြီးကပ်နေတာကြောင့်သူသူ့ရှစ်ဖူကိုမမြင်ရဘူး

'ရှစ်ဖူ..ရှောင်းကျန့်လား'

'အင်းငါပါ'

ရှောင်းကျန့်ရဲ့ငိုသံကြောင်ရိပေါ်ကအသံကြားရာကိုဖြေးဖြေးချင်းတိုးလာတယ်သွေးပေနေတဲ့သူ့ရဲ့လက်တေကရှောင်းကျန့်ရဲ့မျက်နှာကိုလှမ်းပြီးစမ်းနေတယ်
ရိပေါ့်ရဲ့လက်ကလေထဲမှာလိုက်စမ်းနေတာမြင်တဲ့အခါရှောင်းကျန့်ရိပေါ့်လက်ကိုဆုပ်ကိုင်လိုက်ပြီးသူ့မျက်နှာပေါ်တင်ပေးတယ်ရှောင်းကျန့်မျက်နှာကိုရိပေါ်ထိလိုက်ရတဲ့အချိန်မှာရိပေါ်ကပြုံးတယ်

'ရှစ်ဖူမျက်နှာတေညစ်ပတ်ကုန်ပြီ'

'အရူး..ငါမင်းကိုသွားသေလိုက်လို့ပြောတယ်လေဘာလို့ဒီကိုပြန်လာတာလဲ'

ရှောင်းကျန့်ကသူ့တပည့်ကို၀မ်းနည်းစွာဆူတယ်

'တောင်းပန်ပါတယ်...ကျွန်တော်သေရမယ်ဆိုရင်တောင်...ရှစ်ဖူကိုကန်တော့ပြီးမှသေမှာ..အဟွတ်!'

LOVE TO HELL(complete) حيث تعيش القصص. اكتشف الآن