Final

1.2K 90 7
                                    

ရက်သတ္တပတ်အကြာမှာဟောက်ယန်နဲ့၀မ်ရိပေါ်ကိုဖမ်းမိခဲ့တယ်  အကျယ်ချုပ်အဖမ်းခံထားရတဲ့ရှောင်းကျန့်ကိုအစောင့်တစ်ယောက်ကလာခေါ်တယ်

'နတ်ဘုရားယန်ကခေါ်ခိုင်းလိုက်ပါတယ် အပြစ်သားတေကိုလဲဖမ်းမိသွားပါပြီ'

'၀မ်ရိပေါ်  ၀မ်ရိပေါ်ရောပါလား'

ရှောင်းကျန့်ကိုအစောင့်ကတွဲခေါ်လာပြီးနတ်ဘုရားယန်ရဲ့ခန်းမထဲရောက်တာနဲ့ကြမ်းပြင်ပေါ်လွှတ်ချပြီးနတ်ဘုရားယန်ကိုအရိုသေပေးလို့ထွက်သွားတယ်

'ရှစ်ယင်မင်းရဲ့တပည့်ပုံစံကိုကြည့်စမ်းပါအုန်း'

ရှောင်းကျန့်ကနတ်ဘုရားယန်ရဲ့စကားကြောင့်သူ့ဘေးဘက်ကနေသံကြိုးသံတစ်ချွင်ချွင်ထွက်နေတဲ့လူကိုကြည့်လိုက်တယ်

၀မ်ရိပေါ်ကလက်နှစ်ဖက်ကိုကားလို့သံကြိုးနဲ့အချုပ်ခံထားရတယ်မျက်လုံးကနီရဲနေပြီး အသိစိတ်ပျောက်နေတဲ့လူတစ်ယောက်လိုမျိုးခေါင်းကိုရမ်းခါနေတယ်

'ရှစ်ယင်မင်းငါ့ကိုဘာကတိပေးခဲ့လဲသူ့ကိုဆုံးမနိုင်ပါတယ်ဆိုအခုတော့မိစ္ဆာလုံးလုံးဖြစ်နေပြီမလား'

'ရိပေါ်..မဟုတ်ဘူး..'

ရှောင်းကျန့်ကထလာပြီးရိပေါ့်နားကိုဖြေးဖြေးလေးကပ်သွားတယ်ရိပေါ့်မျက်နှာကိုထိမလို့လုပ်တဲ့အချိန်မှာနတ်ဘုရားယန်ကအော်တားလိုက်တယ်

'ရှောင်းကျန့်!မင်းမှာအသိစိတ်မရှိတော့ဘူးလား  သူကမင်းကိုအခုချက်ချင်းသတ်ပစ်လိုက်လို့ရတယ်'

'မဟုတ်ဘူးရိပေါ်ကျွန်တော့်ကိုမှတ်မိတယ်'

ရှောင်းကျန့်ကနတ်ဘုရားယန်တားသည်ကိုလက်မခံဘဲသူ့လက်ကိုရိပေါ့်မျက်နှာမှာအုပ်ကိုင်လိုက်တယ်

'ရိပေါ်..အာ့!'

'!လာမထိနဲ့သတ်ပစ်မှာအားလုံးကိုသတ်ပစ်မှာ!!'

ရိပေါ်ကလုံး၀ကိုအသိစိတ်လွတ်နေပြီးရှောင်းကျန့်ရဲ့လက်ကိုကိုက်လိုက်တယ်အော်ဟစ်သောင်းကျန်းနေရင်းသူ့လက်ကသံကြိုးတေကိုဆွဲဖြုတ်နေတယ်

'ရှောင်းကျန့်အချိန်မဆွဲနဲ့တော့သူ့ကိုမင်းမသတ်ရင်ငါသတ်ရလိမ့်မယ်'

LOVE TO HELL(complete) Where stories live. Discover now