ep_17

768 72 7
                                    

ရိပေါ်အေးစက်စက်အထိအတွေ့ကြောင့်နိုးလာတယ်မျက်လုံးဖွင့်ကြည့်တော့ရှောင်းကျန့်ကသူ့လက်ကိုအ၀တ်နဲ့ရေစွတ်ပြီးသုတ်ပေးနေတယ်မနေ့ကသွေးတေနဲ့ခြောက်နေတဲ့လက်ကသန့်ရှင်းနေပြီ

'ရှစ်ဖူ..'

'ဗိုက်ဆာပြီလား..ချွမ်းအယ်အသီးသွားခူးတယ်ခနနေရောက်တော့မှာ'

ရိပေါ်ထဖို့ရှောင်းကျန့်ကသူ့လက်နဲ့ထိန်းပြီးမပေးတယ်ကုတင်ပေါ်မှာမှီရင်းရိပေါ်ကရှောင်းကျန့်ကိုစိုက်ကြည့်နေတယ်

'ဘာလို့လဲ'

ရှောင်းကျန့်ကဘာကိစ္စမှမရှိခဲ့သလိုရိပေါ့်ကိုပြုံးရင်းမေးတယ်

ရိပေါ်ပြောမလို့လုပ်နေတုန်းချွမ်းအယ်ရဲ့အော်သံကိုကြားလိုက်ရတယ်ချွမ်းအယ်ရဲ့အသံနဲ့အတူကျားသစ်တစ်ကောင်ရဲ့အော်သံကိုကြားရတယ်

'ရှစ်ဖူ..ရှစ်ဖူ..အဲ့မှာအဖြူရောင်ကျားသစ်ကြီး!'

ကျားသစ်ဖြူတစ်ကောင်ကသူတို့နှစ်ယောက်နားကိုချဥ်းကပ်လာတယ်ရှောင်းကျန့်ကအနားကပ်လာတဲ့ကျားသစ်ကိုသတ်ဖို့သူ့ရဲ့နှင်းဓားကိုထုတ်လိုက်တယ်ကျားသစ်ရဲ့ဦးတည်ရာကရိပေါ့်ကုတင်ဆီသွားနေတာကြောင့်ရှောင်းကျန့်ကရိပေါ့်ရှေ့ကနေကွယ်လိုက်ပြီးသူ့ရဲ့နှင်းဓားကိုရှေ့ထုတ်လိုက်တယ်

'ရှစ်ဖူ..မလုပ်နဲ့ကျွန်တော်သူ့ကိုသိတယ်'

ကျားသစ်ဖြူကရိပေါ့်ကိုကြည့်ပြီးဟိန်းတယ်
သူ့သခင်ကိုအကြာကြီးနေမှပြန်တွေ့ရတာကြောင့်အနံ့ရတာနဲ့လာရှာခဲ့တယ်

ရိပေါ်ကကုတင်ပေါ်ကဖြေးဖြေးချင်းထပြီးကျားသစ်ရှေ့မှာငုတ်တုတ်ထိုင်လိုက်ပြီးခေါင်းကိုပွတ်ပေးလိုက်တယ်ရှောင်းကျန့်ကစိတ်မချပေမဲ့သူ့ရဲ့ဓားကိုချလိုက်တယ်

ကျားသစ်ဖြူကရိပေါ့်ကိုတိုး၀ှေ့ပြီးသူ့လျှာနဲ့လျက်နေတယ်

'တော်ပြီ ရပ်တော့beomမင်းငါ့ကိုမေ့သွားပြီတောင်ထင်တာ'
(ကျားသစ်နာမည်ကစဥ်းစားမရလို့ကိုယ်ဖတ်နေတဲ့ fav mangaထဲကနာမည်ကိုပဲရေးလိုက်ပါတယ်နော်)

'ရိပေါ်..'

'ရှစ်ဖူမကြောက်ပါနဲ့သူကအန္တာရယ်မရှိဘူးကျွန်တော်နဲ့ငယ်ငယ်တုန်းကနေလာခဲ့တဲ့အကောင်ပါ  '

LOVE TO HELL(complete) Where stories live. Discover now