မမက်တာကြာတဲ့အိမ်မက်ဆိုးမက်ပြီးနောက်ရှောင်းကျန့်အလန့်တကြားနိုးလာတယ်
အဲ့အချိန်၀မ်ရိပေါ်ကဓားတိုတစ်ချောင်းကိုင်ပြီးသူ့ဆီလာတာကြောင့်ရှောင်းကျန့်ကြောက်လန့်ပြီးသူ့ခေါင်းကိုစောင်နဲ့ဖုံးလိုက်တယ်
ငယ်"တုန်းကကလေးတေ ကစားသလိုပဲကိုယ်သာသူ့ကိုမမြင်ရရင်သူလဲကိုယ့်ကိုမမြင်ဖူးပေါ့'ရှစ်ဖူဘာဖြစ်လို့လဲ'
ရိပေါ်ကစောင်ကိုလှန်လိုက်ပြီးရှောင်းကျန့်ကိုအပြင်ဆွဲထုတ်ပေမဲ့ရှောင်းကျန့်ကသူ့ခန္တာကိုယ်နဲ့ခေါင်းကိုစောင်နဲ့သေချာပြန်ပတ်လိုက်တယ်
ရိပေါ်လဲပန်းသီးခွဲလတ်စဓားကိုစားပွဲပေါ်ချလိုက်ပြီးရှောင်းကျန့်ဘေးနားသွားထိုင်လိုက်တယ်
စောင်နဲ့အလုံးလိုက်လေးဖြစ်နေတဲ့သူ့ရှစ်ဖူကိိုဖက်လိုက်ပြီးလေသံတိုးတိုးလေးနဲ့မေးတယ်
'အိမ်မက်ဆိုးမက်နေတာထင်တယ်ခုနထဲကညဥ်းနေတာတွေ့တယ်'
'......'
'ခုနအော်ပြီးထလာလိို့ကျွန်တော်ကစိတ်ပူပြီးလာကြည့်တာပါ'
'ဓား...'
ရှောင်းကျန့်ကစောင်ထဲကနေတိုးတိုးလေးပြောလိုက်တာကိိုရိပေါ်သေချာမကြားတာကြောင့်သူပါစောင်ပုံထဲ၀င်လိုက်တယ်
စောင်ပုံထဲကရှောင်းကျန့်နဲ့ရိပေါ်ရဲ့မျက်နှာတေဟာထိလုနီးပါးဖြစ်နေတယ်ရုတ်တရက်၀င်လာတဲ့ရိပေါ့်ခေါင်းကြောင့်ရှောင်းကျန့်ကအလန့်တကြားစောင်ကိုဖယ်လိုက်ပြီးရိပေါ့်ခေါင်းကိုထုပြီးအော်လိုက်တယ်
'ဘာလုပ်တာလဲ!'
'မဟုတ်..ကျွန်တော်သေချာမကြားရလို့'
'ဓား..ဓားလို့ပြောတာမင်းခုနဓားနဲ့ငါ့ဆီလာတာငါ့ကိုသတ်မလို့ မလား'
'ဟက်!ဟား..ဟား...ဟ..ရှစ်..ရှစ်ဖူကကျွန်တော့်ကိုကြောက်လို့လားကျွန်တော်ကရှစ်ဖူကိုဓားနဲ့ထိုးမယ်ထင်နေတာပေါ့ Hahaha'
'ဘာလိို့အဲ့လောက်ရီနေတာလဲ!'
'ရှစ်ဖူ..ကျွန်တော်ဘယ်တော့မှရှစ်ဖူကိုအန္တရာယ်ပေးမှာမဟုတ်ဘူးအဲ့တာပဲသိထားဟုတ်ပြီလား..ထထနိုးရင်လဲဒီမှာပန်းသီးတေစိတ်ထားတယ်'
YOU ARE READING
LOVE TO HELL(complete)