Extra_2

1.4K 102 6
                                    

'ရှောင်းကျန့်..'

'ဟင်....'

ရှောင်းကျန့်က၀မ်ရိပေါ့်ပေါင်ပေါ်ခေါင်းအုံးထားပြီးလက်နှစ်ဖက်ကဖုန်းကိုအဆက်မပြတ်နှိပ်ရင်းတိုက်ခိုက်ရေးဂိမ်းတစ်ခုကိုဆော့နေတယ်

'အိမ်မပြန်ဘူးလား'

'ရား..၀မ်ရိပေါ်ငါဂိမ်းဆော့နေတယ်မင်းတိတ်တိတ်နေ'

ရိပေါ်ဘာမှထပ်မပြောတော့ပဲရှောင်းကျန့်ရဲ့ဆံပင်အိအိလေးတေကိုပွတ်သပ်နေလိုက်တယ်
သူကရှောင်းကျန့်ကိုဖွင့်ပြောထားပေမဲ့
ရှောင်းကျန့်ကသူ့နားပိုပိုကပ်တယ် ဒါပေမဲ့ရှောင်းကျန့်ကသူ့ကိုဘယ်တော့မှအဖြေမပေးဘူး

ဂိမ်းရှုံးသွားပုံရတဲ့ရှောင်းကျန့်ကဖုန်းကိုဆိုဖာပေါ်ပစ်ချပြီးရိပေါ့်ပေါင်ကိုကုန်းကိုက်တယ်

'ရှုံးပြန်ပြီလား'

ရိပေါ်ကအကိုက်ခံရတာတောင် နာကျင်ပုံမပြဘဲလေသံအေးအေးလေးနဲ့မေးလိုက်တယ်

'မင်းဖုန်းကကြောင်နေတာ'

'ဘာလို့ကိုယ့်ဖုန်းနဲ့ကိုယ်မဆော့လဲ'

'ငါဗိုက်ဆာတယ်အပြင်ထွက်ရအောင်'

'အင်း မင်းမားကို၀င်ပြောခဲ့အုန်း'

ညနေစောင်းနေပြီမို့ရိပေါ်ကရှောင်းကျန့်ကိုသူ့မာဖလာအစိမ်းရောင်လေး၀တ်ပေးထားတယ်သူကတော့မာဖလာအနီလေးနဲ့

နှစ်ယောက်သားစက်ဘီးတစ်စီးနဲ့ရိပေါ့်အိမ်ကနေထွက်လာတယ်ရှောင်းကျန့်သူ့အိမ်ရှေ့ရောက်တော့မဆင်းတော့ဘဲလှမ်းအော်ပြောလိုက်တယ်

'မားသားဒီနေ့ရိပေါ့်အိမ်မှာအိပ်မှာ!'

'အေးအေး'
အမြဲလဲအိပ်နေတာကိုဒီကလေးကတော့။
______
ရိပေါ်ကတူနဲ့ဇွန်းကိုတစ်ရှူးနဲ့သုတ်လိုက်ပြီးရှောင်းကျန့်ရှေ့ချပေးတယ်

'အားရီကကြာလိုက်တာမင်းဗိုက်ဆာနေပြီလား'

'ဆာတယ် မင်းတစ်ချက်သွားပြောလိုက်အုန်းသူမေ့နေတာနေမယ်'

ဒီဆိုင်ကသူတို့စားနေကြလမ်းထိပ်ကခေါက်ဆွဲဆိုင်သေးသေးလေး။လီအားရီရဲ့လက်ရာကအရမ်းကောင်းပြီးဒီရပ်ကွက်ကကလေးတေရဲ့လက်စွဲဆိုင်ဖြစ်တယ် တစ်ခုတော့ရှိတယ် လီအားရီက အရမ်းမေ့တတ်တယ် ဟိုတစ်နေ့ကဆိုသူတို့မှာထားတာကိုမေ့ပြီးအနောက်မှာတစ်ယောက်ထဲကြက်သွန်တေထိုင်ခွာနေတာ အဲ့ထဲကသူတို့မှာ မှာပြီးရင်အေးဆေးမထိုင်နေရဲဘူးလီအားရီကိုသွားသွားကြည့်ပြီးသတိပေးရတယ်

LOVE TO HELL(complete) Where stories live. Discover now