ep_4

1.1K 118 4
                                        

ရိပေါ်ရှောင်းကျန့်ရေချိုးမို့ရေခပ်ထည့်နေတယ် ဗုံးနှစ်ပုံးကိုထမ်းစင်နဲ့ပုခုံးပေါ်တင်ဆွဲပြီးရေတံခွန်နဲ့ဥယျာဥ်ထဲကိုသွားလိုက်လာလိုက်ခေါက်တုံ့ခေါက်ပြန်ရေဆွဲနေတယ်သုံးခါလောက်ဆွဲရင်ရှောင်းကျန့်ရေချိုးဖို့လုံလောက်ပြီ။ရိပေါ့်မျက်နှာကခါတိုင်းနဲ့မတူဆူပုတ်နေတယ်အကြောင်းက

ရိပေါ်ကရှောင်းကျန့်ရေချိိုးရင်ခိုးကြည့်နေကြဖြစ်တယ်ဒါပေမဲ့ကပ်စေးနဲရှောင်းကျန့်ကအောက်ခံအဖြူရောင်အကျီအပါးလေးကိုချွတ်မချိုးဘူးရေနဲ့ထိတွေ့တဲ့အခါရိပေါ်ကမြင်သင့်သလောက်မြင်နေရတယ်

အကြံကြီးတဲ့ရိပေါ်အကြောင်းရှောင်းကျန့်ကမိသွားတယ်သူရေချိုးတဲ့အချိန်ဥယျာဥ်အပြင်ထွက်ပြီးတခြားဟာလုပ်နေဆိုပြီးဆူထားတယ် မိသွားတုန်းကဆိုရိပေါ်ပြောစရာမရှိအောင်ကြောက်လန့်နေတယ်ရှစ်ဖူကသူ့ကိုနှာဘူးလို့ထင်သွားမှာဆိုးလို့

*ကလေးတေကအဲ့လိုခိုးကြောင်ခိုး၀ှက်အလုပ်တေမလုပ်ရဘူး*ဆိုပြီးရှောင်းကျန့်ကပြောတယ်

ရိပေါ်ကသာအတွေးတေနဲ့ကြောက်လန့်နေပေမဲ့ရှောင်းကျန့်ကသူ့ကိုဘာမှမသိတဲ့ကလေးတစ်ယောက်လိုပဲတွေးထားပုံရတယ်

ရေချိုးပြီးတော့ရှောင်းကျန့်ကရိပေါ့်ကိုသူ့နားလာဖို့ခေါ်တယ်ရိပေါ်ကအပြင်မှာဆူပုတ်ပုတ်လေးရပ်နေရာကနေပြေးလာတယ်ရှောင်းကျန့်ကဘီးအဖြူလေးကိုရိပေါ့်လက်ထဲထည့်ပေးတယ်

ရိပေါ်ကရှောင်းကျန့်ရေချိုးပြင်ဆင်ပြီးတိုင်းရှောင်းကျန့်ကိုခေါင်းစည်းပေးရတာအရမ်းကြိုက်တယ်သူချောင်းတာမိသွားတဲ့နေ့ကစပြီးရှောင်းကျန့်ကသူ့ခေါင်းကိုအကိုင်မခံတော့ဘူးရိပေါ်ကဆူပုတ်ပြီး၂ရက်လောက်ဆန္ဒပြလိုက်တော့အခုပြန်လုပ်ခိုင်းနေပြီ

ရိပေါ်ကရှောင်းကျန့်ဆံပင်ချထားတဲ့ပုံကိုပိုလို့တောင်သဘောကျသေးတယ်သူမွေးကတည်းကသူ့အတွက်ရက်စက်မုန်းတီးဖွယ်လောကကြီးထဲမှာရှောင်းကျန့်လိုလူမျိုးကိုပထမဆုံးတွေ့ဖူးခြင်းပဲ

သူတွေ့ဆုံခဲ့တဲ့လူတိုင်းကကောက်ကျစ်တဲ့လူနဲ့လောဘတေနဲ့လူတေကြီးပဲရိပေါ်ကနတ်ဘုရားတေကိုလဲအထင်မကြီးဘူးသူ့စိတ်ထဲမှာအားလုံးကအတူတူပဲနတ်ဘုရားတေလဲလောဘတေနဲ့စိတ်ကြီး၀င်နေတဲ့လူတစ်မျိုးပဲနတ်ဘုရားတေဟာသူတို့လုပ်သမျှအအရာရာမှန်ကန်မွန်မြတ်တယ်ဆိုပြီးနေနေကြတာကို
ရိပေါ်ကပိုပြီးမုန်းတီးတယ်

LOVE TO HELL(complete) Tahanan ng mga kuwento. Tumuklas ngayon