၀မ်ရိပေါ်ကညအထိပြန်မလာဘူးရှောင်းကျန့်တရားထိုင်ရင်းအာရုံကရိပေါ့်ဆီပဲရောက်နေတယ်
*ဘယ်မှာအိပ်စရာရှိလို့ပြန်မလာသေးတာလဲ*တရားထိုင်လိို့မရမဲ့အတူတူရှောင်းကျန့်အပေါ်ထပ်၀တ်ရုံတစ်ခုထပ်၀တ်ပြီးဥယျာဥ်ထဲလမ်းလျောက်နေလိုက်တယ်
မြက်ရိုင်းတေကြားထဲမှာမြေပုံလေးတစ်ခုလုပ်ထားတယ်တစ်နည်းအားဖြင့်လူတစ်ယောက်ကိုမြှုပ်ထားတဲ့နေရာပေါ့ ရိပေါ်ကသေရည်ကိုအရှေ့ကမြေပုံပေါ်တစ်ခွက်လောင်းလိုက်သူတစ်ခွက်သောက်လိုက်နဲ့လုပ်နေတာ၀ယ်လာတဲ့သေရည်၅အိုးကလဲကုန်သွားပြီ
'ရှစ်ဖူ...အခုကျွန်တော်တစ်ယောက်ထဲဖြစ်သွားပြန်ပြီ'
၀မ်ရိပေါ်ကမြေပုံလေးဘေးမှာလှဲလိုက်ပြီးတီးတိုးရွတ်နေတယ်'ကျွန်တော့်ဘက်မှာရှိနေပေးမဲ့သူတစ်ယောက်ရပြီထင်နေတာကျွန်တော့်ပုံစံအတိိုင်းလက်ခံပေးမဲ့သူပေါ့..သူကကျွန်တော့်ကိုအရမ်းပြောင်းလဲပြစ်ချင်နေတာရှစ်ဖူရဲ့'
ရိပေါ်ကမူးမူးရူးရူးနဲ့သူရဲ့အသက်မရှိတဲ့ရှစ်ဖူအဟောင်းကိုမကျေနပ်တာတေတိုင်နေတယ်
'ရှောင်းကျန့်ကရှစ်ဖူလိုမျိုးမဟုတ်ဘူးကျွန်တော့်ကိုအလိုလိုက်တယ်ထင်ရပေမဲ့တကယ်အလိုမလိုက်ခဲ့ဘူးအခုသူ့ကိုရှောင်းကျန့်လို့နာမည်ရင်းခေါ်လိုက်တာသိရင်လဲကျွန်တော့်ကိုဆူအုန်းမှာစောက်ရေးမပါတဲ့ကျမ်းစာတေလဲအစောင်၅၀လောက်ရေးခိုင်းအုန်းမှာ'
'ဒါပေမဲ့လေ..ကျွန်တော်သူ့နားမှာနေချင်သေးတယ်'
______
မနက်လင်းတော့ရှောင်းကျန့်ကမကြည်လင်တဲ့စိတ်နဲ့ပဲကျွင်းဖိန်ရဲ့နန်းဆောင်ကိုသွားတယ် သူ့ကိုပေးတဲ့စာအုပ်မရှိတော့တာကို
လိမ်လိို့မဖြစ်တာကြောင့်အမှန်တိုင်းပြောပြတဲ့အခါကျွင်းဖိန်ကဒေါသထွက်သွားတယ်'အဲ့ကောင်လေးကရိုင်းစိုင်းလွန်းတယ်သူ့အကြောင်းသေချာသိရဲ့လားဘယ်လိုယုံကြည်ပြီးအနားမှာခေါ်ထားတာလဲ'
ရှောင်းကျန့်ဖြေစရာမရှိဘဲတိတ်နေလိုက်တယ်
'ကျွန်တော့်အမှားပါ ကျွန်တော်သေချာမလေ့ကျင့်ထားတဲ့ပညာကြောင့်အဲ့စာအုပ်မီးလောင်သွားတာပါ'
YOU ARE READING
LOVE TO HELL(complete)