ep_7

867 98 12
                                    

ဆေးခါးတေကိုမုန်းတယ်ရှစ်ဖူဟောက်ယန်သူ့ကိုတိုက်တုန်းကအတင်းငြင်းဆန်ထွေးထုတ်ခဲ့တယ်ရက်ရှည်ဖျားနာနေတာကိုခံနိုင်တယ်ဆေးခါးကိုသည်းမခံနိုင်ဘူး

ဒါပေမဲ့အခုတော့ရိပေါ်ကရှောင်းကျန့်ကြိုထားတဲ့ဆေးခါးကိုလိမ်လိမ်မာမာလေးယူပြီးတစ်ကြိုက်ထဲမော့သောက်လိုက်တယ်သူပြန်အန်ထွက်တော့မှာသိသည့်အလား
ရှောင်းကျန့်ကမိန်မိန်လာပေးထားတဲ့အချိုခဲလေးကိုရိပေါ့်ပါးစပ်ထဲထည့်ပေးလိုက်တယ်

ရိပေါ်ကသူ့ရှစ်ဖူစိတ်ဆိုးမှာအရမ်းကြောက်နေတယ်

'အဲ့တော့၀မ်ရိပေါ်ကလူသတ်ခဲ့တယ်ပေါ့မင်းငါ့ကိုအနိုင်ကျင့်ခံရတယ်လို့ပြောခဲ့တာပါ'

'ရှစ်ဖူ...'

ရှောင်းကျန့်ကစိတ်ဆိုးတဲ့လေသံနဲ့မဟုတ်ပေမဲ့ရုပ်တည်တည်နဲ့တစ်လုံးခြင်းမေးနေတာကြောင့်ရိပေါ်ခေါင်းကိုငုံထားတယ်

'မင်းငါ့ကိုလိမ်ပြန်ပြီ ငါမသိတာတခြားဘာတေရှိသေးလဲငါ့ကိုဘာတေထပ်လိမ်ထားသေးလဲ'

'မလိမ်ဘူး တကယ်မတရားခံခဲ့ရတာပဲ'

ရိပေါ်ကသူ့ငယ်ဘ၀အကြောင်းကိုရှောင်းကျန့်ကိုပြောပြရမှာ၀မ်းနည်းနေတယ်ထိုင်နေရင်းသူ့ဒူးခေါင်းပေါ်ကဖုန်မှုန့်တေကိုခါလိုက်ရင်းပြောတယ်

'ငါ့ကိုမပြောပြချင်ဘူးလား'

'အဲ့လိုမဟုတ်ဘူး'
ရိပေါ်ကချက်ချင်းခေါင်းမော့ပြီးဖြေတယ်

'ကျွန်တော်၁၀နှစ်အရွယ်မှာပါးကလူတစ်ယောက်ရဲ့ချောက်ချတာခံရပြီးသေခဲ့ရတယ်'

'လူတစ်ယောက်..'

'အင်းဘယ်ကမှန်းမသိတဲ့မင်းသားငယ်အဲ့လူကြောင့်အဲ့လူကပါးကိုမြူဆွယ်ပြီးကာမကျူးလွန်ခဲ့တာ ပါးကိုနတ်ဘုရားတစ်ပါးကမင်းသားငယ်အပေါ်ကြီးမားတဲ့အပြစ်ကျူးလွန်ခဲ့တယ်ဆိုပြီးခေါင်းဖြတ်သတ်ခဲ့တာကျွန်တော့်ရှေ့မှာတင်'

ရိပေါ်ကရှောင်းကျန့်မျက်နှာကိုတစ်ချက်ကြည့်ပြီးဆက်ပြောတယ်

'ချန်ဘုရင်ကအဲ့ကိစ္စနဲ့ပဲကျွန်တော်တို့သားမိကိုပါအလွတ်မပေးပဲလိုက်သတ်ခဲ့တမားကချန်ဘုရင်ရဲ့လက်ချက်နဲ့သေခဲ့ပြီးကျွန်တော်ကတောင်အောက်ကိုပြုတ်ကျခဲ့တယ်သေလုနီးပါးအချိန်မှာရှစ်ဖူလိုမျိုးလူတစ်ယောက်ကကျွန်တော့်ကိုကယ်ထားခဲ့တာ'

LOVE TO HELL(complete) Where stories live. Discover now