အပိုင်း(၁)

3.1K 96 29
                                    

"အောက် အီး အီး အွတ်......."

"ကြက်တောင် တွန်နေပြီ မိအေးရေ ထစမ်း
ဆွမ်းချက်ဖို့ ငါ့လာကူချေစမ်း"

ခြေတိုင်ရှည် ပျဥ်ထောင်ထရံကာအိမ်ရဲ့ အခန်းလေးထဲမှာ ခြေကားယားလက်ကားယားနဲ့မိန်းကလေးပီသစွာ အိပ်ပျော်နေတဲ့ အေးမြသာကြည်တစ်ယောက်
အိမ်ခေါင်းရင်းက ကြက်တွန်သံနဲ့အတူ တွဲပါလာတဲ့ အမေ့ရဲ့တွန်သံ အဲ မဟုတ်ပါဘူး အမေ့ရဲ့ အော်သံကြောင့် အိပ်ပျော်နေရင်းလန့်နိုးလာရတော့သည်။ ဒါပေမဲ့ မိအေးတို့က ဒီလောက်နဲ့ အိပ်ယာက ထမယ်ထင်သလား အိုလေ....ဝေးစွ .....ဝေးစွ။

"အေးမြသာကြည် နင့်ကိုထတော့လို့ငါပြောနေတယ်လေ မိအေးနော် နင် တုတ်မလာခင် ထနော် "

ဟွန်း မာတာမိခင်တို့ကတော့ သူ့ယောကျ်ားကျ ဦးသာကြည် ထတော့လို့ မနှိုးဘူး
ဘာတဲ့ အမယ်လေး "အစ်ကို မိုးလင်းပြီ ထတော့"တဲ့ ။ ဟော သူ့သားတွေများကျလဲ
"ဖိုးစည် နဲ့ ဝိုင်းစည် သားတို့ထတော့"တဲ့
ကိုယ့်များကျတော့ မိအေး မိအေးနဲ့ နားဝင်ဆိုးလိုက်ပါဘိ။

"မိအေးရေ......"

"ထပြီ ထပြီလို့ "
တကယ်ပါဘဲ ဘုန်းဘုန်းတို့ကလည်း အစောကြီး ဗိုက်ဆာတတ်ပါ့ မိအေးဆို အိပ်လို့တောင်မဝသေးဘူး။

"အမေ့ မီးသွေးခဲ ပေးအုံး သွားတိုက်မလို့ "

"ဟဲ့ ကိုယ့်ဘာသာသွားယူပါလား မီးသွေးခဲက ငါ့ကိုယ်မှာ ကပ်နေတာမှမဟုတ်တာ "

မာတာမိခင်ဒေါ်တင်အေးကို မျက်စောင်းထိုးပြီး မီးသွေးအိတ်ထဲငုံ့ရှာလိုက်တော့ မီးသွေးတုံးကြီးတွေက အဝီစိက မှာဝယ်ထားသလားမှတ်ရတယ် ကြီးလိုက်ပါဘိ။သေးတာလိုက်ရှာတော့လည်း မှုန့်ညက်နေတာတွေဘဲတွေ့သည်။

"အမေ မီးသွေးခဲကခွဲပြီးသားမရှိဘူးလား"

"တယ် ညည်းတော်တော်ရှည်ပါ့လားမိအေးရယ် ရော့ ဆားကြမ်းနဲ့တိုက်လိုက် ပြီးပြီပေါ့
ပြီးရင် မြန်မြန်ပြန်လာနော် လုပ်စရာတွေက အများကြီး "

"ဟွန့် သိပါတယ်"

ကိုယ်တွေနေတဲ့အရပ်က အညာဘက်တောရွာဇနပုဒ်လေးမို့
မနက်မိုးလင်းပြီဆို မီးသွေးခဲလေး ဒါမှမဟုတ် ဆားကြမ်းလေးကို လက်ညှိုးနဲ့ယူပြီး ပါးစပ်ထဲ ဟိုပွတ်ဒီပွတ် ပွတ်ပြီးတာနဲ့
ပလုတ်ကျင်းချလိုက်ရင် ပြီးပြီဖြစ်သည်။ ဟိုးမြို့ကြီးသူမြို့ကြီးသားတွေကတော့
ဘာတွေသုံးကြလဲမသိ။

ညှို့မျက်ဝန်းရှင်ရယ်Tempat cerita menjadi hidup. Temukan sekarang