ရန်ကုန်မြို့ကြီးမှ ပြန်ရောက်လာကတည်းက မိအေးတို့မှာ တစ်ရွာလုံးကို နိုင်နိုင် တက်ရတဲ့တက္ကသိုလ်ကြီးက ဘယ်လောက်ကြီးမားကြောင်း ရန်ကုန်သူရန်ကုန်သားတွေ ထူးထူးဆန်းဆန်းဝတ်တတ်ကြောင်း ရန်ကုန်မြို့ကို သူ့နိုင်နိုင်လိုက်ပို့လို့ ဘယ်လောက်တောင်နှံ့စပ်ခဲ့ကြောင်း ပြန်ဖောက်သည်ချကာ ကြွားလို့မဆုံးဖြစ်နေတော့သည်
"အမေ့"
"ဟေ"
"အဖေ ဘယ်သွားလဲ "
"ရွာကို ဆရာအသစ်ပြောင်းလာလို့ အဲ့ဆရာလေးနေရအောင် အရှေ့ဝိုင်းမှာ အိမ်သွားပြင်ပေးလေရဲ့"
"သြော် ဆရာ အသစ်ရောက်မှာလား သွားကြည့်အုံးမှ"
"ကိုယ့်အလုပ်လဲမဟုတ်ဘဲ စပ်စုပြန်ပြီနော်မိအေး"
"အမေကလဲ မိအေးက ဒီတိုင်း ရွာကိုပြောင်းလာတဲ့လူသစ်ဆိုတော့ သိထားချင်လို့ပါ အဖေလဲ အဲ့မှာရှိမယ်မလား သမီးမုန့်တွေ ယူပြီးသွားလိုက်အုံးမယ် အိမ်မှာပျင်းလို့"
"အမယ်လေးအေ ကျုပ်မှာတော့ တစ်နေ့တစ်နေ့ ညည်းတို့စားဖို့သောက်ဖို့လုပ်ရတာနဲ့ ပျင်းတယ်ဆိုတာ ဘာမှန်းတောင်မသိတော့ပါဘူးအေ"
ကိုယ်ကသာ ခိုမကြီးလိုငြီးပြတာ ဟိုကတော့ မအေကိုလှည့်တောင်ကြည့်ဖော်မရဘဲ ထွက်သွားလေရဲ့
.
"ဟိုနားက ပျဉ်တစ်ချပ် ပေးပါအုံး "
"ဆရာလေး စိတ်သာချ ဆရာလေးမိန်းမယူပြီးနေရအောင်ထိ ကျယ်အောင်ဆောက်ပေးမယ်"
"ဟဟ ဉီးလေးတို့ကတော့ဗျာ "
"ရှက်မနေပါနဲ့ဗျာ ကျုပ်တို့ဆရာလေးက ဒီလောက် ခန့်ချောနေတာ ရွာကအပျိုတွေတော့ဝိုင်းဝိုင်းလည်နေတော့မှာ မြင်ယောင်ပါသေးရဲ့"
"ဟား ဟား"
"ဟာဗျာ ..."
မိအေး အရှေ့ဝိုင်းဘက်လာတော့ အိမ်ပြင်လို့ ထုရိုက်နေတဲ့အသံတွေနဲ့ ခပ်ကျယ်ကျယ်ရယ်သံတွေကြားလို့ ထိုဘက်ဆီဉီးတည်လိုက်သည်
"မုန့်သည်လေး လာပါတယ်ဗျို့ !!!!!!"
မိအေးတို့ ခုနစ်အိမ်ကြားရှစ်အိမ်ကြားအသံနဲ့အော်ပြောပြီးနောက် အကုန်လုံး လုပ်လက်စတွေရပ်ပြီးကြည့်လာကြသည်။
ထိုသူတွေထဲ မြတ်မင်းဉာဏ်ကတော့ အသံလာရာနဲ့အနီးဆုံးမို့ အရင်ဆုံးလှည့်ကြည့်မိသူပင်
VOUS LISEZ
ညှို့မျက်ဝန်းရှင်ရယ်
Roman d'amour"ချစ်တဲ့အကြောင်းတွေ ပြောလွန်းလွန်းတဲ့ မောင့်ကိုပင်......." အမယ်လေး တကယ်က ဒီက မိအေးကဘဲ ပြောနေရတာပါနော် (အေးမြသာကြည်) နင်က ငါ့အချစ်တွေကို မြင်မှမမြင်ဘဲကို အကြည်ရဲ့ ....... (နိုင်ဇေယျာမင်း)