အပိုင်း(၁၁)

627 38 3
                                    

ကျောင်းပိတ်ရက်တွေကုန်လို့ ရန်ကုန်ကို ပြန်တော့မယ့် နိုင်နိုင်က အဝတ်အစားတွေ ထည့်ကာ ပြင်နေသည်ကို မိအေးက လာထိုင်ကြည့်နေခြင်းဖြစ်သည်။

"နိုင်နိုင်ရေ "

"ဟမ် "

"ပြန်လာနော် "

"အေးပါဟ "

"နိုင်နိုင်ရေ ငါဒီနေ့ အိမ်မပြန်တော့ဘူး "

"ဘယ်ဖြစ်မလဲ အကြည်ရဲ့ "

"မနက်ကျရင် နင်က ထွက်သွားတော့မှာကို
ငါအိမ်ပြန်အိပ်ရင် နင်နဲ့တွေ့ရမဲ့အချိန်တွေနည်းသွားလိမ့်မယ် "

"အဟွန်း ငါ့ကိုအဲ့လောက်တောင် သဘောကျတာလား "

"ဒါပေါ့
မိအေးက နိုင်နိုင့်ကို အရမ်းသဘောကျတယ် "

အသံလေး တိုးဝင်သွားပြီး ခေါင်းလေးငုံ့သွားတဲ့အကြည့်ကြောင့် သူမကိုယ်လေးကို
ရင်ခွင်ထဲ ထွေးပွေ့ထားမိသည်

"ငါပြန်လာမှာပါ အကြည်ရဲ့ ဒီရွာမှာ နင်ရှိနေတာဘဲဟာ "

ရင်ဘတ်မှာ စိုစွတ်လာတဲ့ အထိအတွေ့ကြောင့် အကြည်ငိုနေပြီဆိုတာ သိလိုက်သည်

"မငိုနဲ့ တိတ် တိတ်
ငိုနေရင် ငါမခေါ်တော့ဘူးနော် "

"အဟင့်...... နိုင်နိုင်မကောင်းဘူး "

ရင်ခွင်ထဲကနေ ထုရိုက်ကာ ပြန်ပြောလာတော့ ကျွန်တော် ရယ်မိတော့သည်

"မကောင်းလဲ နင့်လူဘဲလေ နင်ဘဲသဘောကျပါချည်ရဲ့ဆို "

"ဟင့်အင်း မကျတော့ဘူး "

"မကျတော့ရင် ထုမှာနော် နောက်ပြောရဲပြောကြည့် ဟမ့်"

နိုင်နိုင်ဘယ်လိုဘဲ ပြန်ပို့ပါစေ မိအေးက မပြန်ဘဲ အတင်းကပ်နေသည်။သူစိမ်းယောကျ်ားလေးအိမ် ညမအိပ်ရဘူးပြောလိုက်တော့ အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ ပေကပ်ထိုင်နေသည် ။သူ့အိမ်ကလဲ မနိုင်တော့တဲ့အဆုံး  အစ်ကိုအကြီးဆုံးက သူ့လာစောင့်ပေးရင်း လိုက်အိပ်ရသည်။

အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ အမေချပေးတဲ့ လက်ဖက်သုပ်နဲ့ရေနွေးကြမ်းကို တစ်ယောက်တည်း ထိုင်စားပြီး စကားတွေပြောနေတဲ့ အကြည့်ကို ကြည့်ပြီး နိုင်ဇေယျာမင်း စိတ်လေသွားရသည်။
သူ့အစ်ကိုက ကွပ်ပျစ်နဲ့ မလှမ်းမကမ်းမှာ ကုလားထိုင်နဲ့ အိပ်လို့နေလေရဲ့ အကြည်ကတော့ သူ့အစ်ကိုကို မရှိတဲ့အလား ပြောချင်တာတွေပြောနေသည်

ညှို့မျက်ဝန်းရှင်ရယ်Where stories live. Discover now