အပိုင်း(၁၄)

2.9K 88 37
                                    

နိုင်ဇေယျာမင်း ကလောကိုရောက်နေသည်မှာ ငါးရက်ခန့်ရှိပြီဖြစ်သည်။
ဝဏ္ဏက ပျင်းချိန်တောင်မရအောင် လိမ္မော်ခြံ စတော်ဘယ်ရီခြံ ဝိုင်ချက်တဲ့နေရာတွေ လည်စရာမှန်သမျှ အကုန်လိုက်ပို့သည် ။
ဒီမှာက  အညာလိုလဲ မပူဘဲ ရန်ကုန်လိုလဲ လူနေမထူထပ်ကာ မနက်ဆိုနေရောင်ခြည်ခပ်နွေးနွေးလေးနဲ့ ညနေစောင်းဆိုလဲ စိမ့်စိမ့်လေးအေးနေကာ ရာသီဥတုအင်မတန်သာယာတဲ့မြို့လေးဖြစ်သည်။

နိုင်ဇေယျာမင်းတို့အဖွဲ့လိုက် အခုရောက်နေသည်က နေကြာခြံတစ်ခု
မိန်းကလေးအဖွဲ့ကတော့ ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံတွေရိုက်နေကြကာ ကိုယ်တွေကတော့ လျှောက်ပတ်ကြည့်နေရုံမျှသာ
မျက်စိရှေ့က နေကြာပန်းခင်းကြီးကိုကြည့်မိတော့ နေကြာပန်းတွေက နေမင်းကြီးရှိတဲ့တစ်ဖက်တည်းကိုဘဲ မျက်နှာမူနေကြတာကို တွေ့လိုက်ရသည်။ဒါပေမဲ့ ထိုနေမင်းကတော့ မွန်းတည့်ချိန် နေဝင်ချိန်ဆိုတဲ့ သူ့တာဝန်တွေကို ဆက်လုပ်ရအုံးမည်မို့ တစ်နေရာတည်းရပ်မနေဘဲ ခပ်ဖြည်းဖြည်းရွေ့နေသည်။ထိုမျှလှပတဲ့ ရှုခင်းတွေမျက်စိရှေ့ရှိနေပါလျက်နဲ့ မပျော်ရွှင်နိုင်တဲ့သူမှာ
နိုင်ဇေယျာမင်းပင်။

ကလောမြို့ကို မနှစ်သက်ခြင်းလားမေးရင် အဖြေမှာ သေချာပေါက်မဟုတ်အစားအသောက် အသီးအနှံအရမ်းပေါပြီး ရာသီဥတုလဲအင်မတန်သာယာကာ နေချင်စဖွယ်ကောင်းလွန်းတဲ့မြို့လေးကို သူသဘောကျပါတယ်
ဒါပေမဲ့ သူထင်ထားသလောက် ပျော်ရွှင်မနေပါ

"ကိုယ့်လူ ငိုင်လှချည်လားကွ "

"ဘာလဲ အိမ်ကိုလွမ်းနေပြီလား "

" အင်း ဆိုပါတော့ "

"ရောက်တုန်း ပျော်ပျော်နေစမ်းပါကွာ
ဟိုမှာကြည့် မိန်းကလေးတွေဆို နေကြာပန်းတွေနဲ့ ဘယ်လောက်ပျော်နေလဲ "
ဝဏ္ဏပြောတဲ့နေရာဆီကြည့်လိုက်တော့
အမှန်ဘဲ အားလုံးက ရယ်ရယ်မောမောနဲ့ ပျော်ရွှင်နေကြသည်။
ထိုအထဲမှ မြခင်ဆိုသောမိန်းကလေးက နေကြာပန်းစည်းကြီးကို လက်ထဲမှာပွေ့ပြီး ကျွန်တော့်ကို လှည့်ပြုံးပြနေသည်။
ပြုံးပြနေတဲ့သူအစား ကျွန်တော့်မျက်လုံးထဲမြင်ယောင်လာသူက အခြားတစ်ယောက်

ညှို့မျက်ဝန်းရှင်ရယ်Where stories live. Discover now