အပိုင်း(၃)

766 43 17
                                    

ဒီနေ့က ကျောင်းပိတ်ရက်မို့ မိအေးတို့ ဘာမွှေရမလဲ ထိုင်တွေးနေတာဖြစ်သည်။

"ဒီနေ့ ရာသီဥတု သာယာတယ်
အစ်ကိုကြီးရေ ယာထဲကအပြန် ငါတို့ထန်းရည်ဆိုင်ဝင်ရအောင်"

"ရာသီဥတုမသာယာလဲ ဝင်နေတာဘဲကိုး မင်းကလဲ "

"ကိုကြီးနဲ့ ဝိုင်းစည်တို့ ယာထဲသွားမလို့လား"

"မဟုတ်ဘူးဟေ့ နင့်လင်အိမ်သွားမလို့ "

ဝိုင်းစည်စကားအဆုံး ကိုကြီးက ဇက်ပိုးကိုဖြောင်းခနဲမြည်အောင် အုပ်ချလိုက်တော့၏။

"အ့  အစ်ကိုကြီး ဘာလို့လဲဗျ"

"ကိုယ့်နှမကို အဲ့လိုပြောစရာလားဟမ် "

"သွားစရာဆိုလို့ဒီယာခင်းဘဲရှိတာကို သိရက်နဲ့သူကမေးနေတာကို "

"ငါလဲ လိုက်ချင်တယ် "

"အောင်မယ်လေး မယ်မင်းကြီးမရယ် တော်ပါ နင့်ကိုကြောက်ပါတယ် ငါတို့မအားဘူး ဒီနေ့အလုပ်ရှုပ်မှာ နင့်ကိုထိန်းမနေနိုင်ဘူး "

"ဟာ ငါ့ဘာသာငြိမ်ငြိမ်လေးနေမယ်လေ အိမ်မှာပျင်းလို့ပါဟ "

"ဟာ မရဘူး နင်ငြိမ်ရင် ပိုကြောက်တယ်
အဖေက မြို့တက်သွားတယ် ပြန်လာလို့ နင်တစ်ခုခုဖြစ်ရင် ငါတို့အသတ်ခံရမှာ
စကားနားထောင်စမ်း အငယ်မ
နင်ပျင်းရင် နင့်နိုင်နိုင်အိမ်သွားလည်လေ ဘာလဲ ဟိုကလက်မခံတော့ဘူးလား "

"မဟုတ်ပါဘူးနော် အယ် နေအုံး ငါအကြံရပြီ "

"ဘာမဟုတ်တရုတ်တွေကြံပြန်ပြီလဲ "

"နိုင်နိုင့်ကိုပါခေါ်လိုက်မယ်လေ သူကငါ့ကိုကြည့်ပေးလိမ့်မယ် လုပ်ပါဟာ လိုက်ချင်လို့ပါ ကိုကြီးရေ လုပ်ပါဟာနော်
ဒီနှမလေးတစ်ယောက်တည်းရှိတာကို "

မိအေးတို့ သနားကမားမျက်လုံးလေးနဲ့ အစ်ကိုတွေကိုကပ်ချွဲတော့ နှစ်ယောက်မရှိတဲ့ညီမလေးကိုကြည့်ပြီး ညီအစ်ကိုနှစ်ယောက် သူ့ကြည့်ငါ့ကြည့်နဲ့ခေါင်းတွေသာတဗျင်းဗျင်းကုတ်နေတော့သည် ။

"နင်ဟာ မိအေး အလုပ်ကိုရှုပ်တယ် သွား
နင့်နိုင်နိုင်ကိုခေါ်ချေ ကြာရင်ထားခဲ့မှာနော် "

ညှို့မျက်ဝန်းရှင်ရယ်Where stories live. Discover now