အပိုင်း(၉)

638 44 5
                                    

နောက်ဆုံးတော့ စာမေးပွဲကြီးပြီးလို့ ကျောင်းပိတ်ချိန်ကိုရောက်လာခဲ့ပြီမို့
နိုင်ဇေယျာမင်း ကြီးကန်ရွာကို ပြန်လာခဲ့ပြီဖြစ်သည်။အကြည့်ကိုတော့ နောက်သုံးရက်နေမှပြန်လာမယ်ပြောပြီး တမင်အံ့အားသင့်သွားအောင်ကြံစည်ထားခြင်းဖြစ်သည်။
ပူလောင်လွန်းတဲ့နေ လှည်းလမ်းတစ်လျှောက် ဖုန်တလူလူထနေပုံများ ပတ်ဝန်းကျင်ဟာ ခြောက်ကပ်ကပ်နဲ့ ထန်းပင်နဲ့ယာခင်းတွေကလွဲလို့ ဘာမှမရှိတဲ့ ဤအညာမြေကို ကျွန်တော်မခင်တွယ်ပါ။ဒါပေမဲ့ သူမကိုတော့ခင်တွယ်တာကြောင့် ကျွန်တော်ပြန်လာခဲ့သည်။

"ကြီးကန်ရွာ" ဆိုသည့် ပျဥ်ပြားလေးပေါ်ရေးပြီးထောင်ထားတဲ့ဆိုင်းပုတ်လေးကိုမြင်ပြီးတဲ့နောက် ကျွန်တော်  ပြုံးမိသွားသည်

"ငါပြန်လာပြီ အကြည် "

///////////////////////////////

"အမယ်လေး ငါသားလေးပြန်လာပြီဟေ့ "

"ဟေ ဟုတ်လားဟ"

မိဘနှစ်ယောက်လုံး အိမ်ပေါ်ကပြေးဆင်းကြိုတော့သည်

"အမေ အဖေ သားပြန်လာပြီ "

"လာပါအုံး အမေ့ရဲ့ရှေ့နေလောင်းလေးရယ် "

"ဟ ဟ"

ဘယ်မိခင်မဆို ကိုယ်နဲ့ဝေးရာကို သားသမီးတွေထွက်သွားရတဲ့အခါ ဝမ်းနည်းနာကျင်ရသည်။အမေလဲ နှုတ်ကသာငြီးငြူမပြခဲ့တာ မျက်ရည်လေးတစမ်းစမ်းနဲ့ သားဖြစ်သူကိုလွမ်းနေလေသည်။

"အမေ သား အကြည့်ဆီ သွားလိုက်အုံးမယ်"

"အယ်သားရယ် အိမ်ပေါ်တက်ပြီး ခဏနားပါအုံးလား "

"ပြန်လာမှ နားတော့မယ် အမေ့
သားသွားပြီနော် "

"သြော် ဒီကလေးနှယ် ခရီးပန်းလာတာကိုကွယ်"

"မင်းရဲ့သားက သူ့အကြည်မျက်နှာမြင်ရမှ အမောပြေမှာကွ "

"အဟင်း ဒီကလေးတွေကတော့လေ သံယောစဥ်ကြီးကြတာ "

.

"ဒုတ် ဒုတ် "

မိအေးတစ်ယောက် တုတ်တစ်ချောင်းနဲ့ လူရိုက်နေခြင်းတော့မဟုတ် အဝတ်တွေရိုက်လျှော်နေရခြင်းသာ ။
အမေနဲ့အဖေက ဟိုဘက်ရွာက အမေ့ငယ်သူငယ်ချင်းရဲ့သားရှင်ပြုအလှူမလို့  ကူညီညာလုပ်ပေးဖို့ တစ်ရက်ကြိုသွားကြသည်အဲ့တော့ တစ်အိမ်လုံးအလုပ် မိအေးသာလုပ်နေရသည်။ အစ်ကိုနှစ်ယောက်ကလဲ ကူဖို့ဆိုတာ ဝေလာဝေးစွ သူတို့အဝတ်တောင် မိအေးလျှော်ပေးနေရသည့် အဖြစ်။ အခုလဲ အဖေမရှိတုန်း အလုပ်ကိုအပါးခိုကာ ထန်းရည်ဆိုင်ရောက်နေလားကြက်သွားတိုက်နေလား နှာဘူးသွားထနေကြလားမသိ။ မိအေးကတော့ ချက် ပြုတ် လျှော် ဖွတ်နဲ့ ထိုင်တောင်မထိုင်အားသည့်ဘဝ။ အစ်ကိုကြီးနဲ့ ဝိုင်းစည်အင်္ကျီတွေလျှော်ဖို့ ယူလိုက်ရင် ချွေးနံ့ခပ်ပြင်းပြင်းက နှာခေါင်းထဲ အရင်တိုးဝင်လာတော့၏။

ညှို့မျက်ဝန်းရှင်ရယ်Where stories live. Discover now