အပိုင်း(၅)

627 39 8
                                    

"အကြည်ရေ "

အိမ်ရှေ့က နိုင်နိုင့်အသံကြားတာနဲ့ မိအေး
နှုတ်ခမ်းများ အပြုံးများသီကုံးသွားတော့သည်။နိုင်နိုင်ဆိုတာ အသံလေးနဲ့တင် မိအေးကိုပျော်ရွှင်စေနိုင်သူဖြစ်သည်။

"အဟမ်း "
အသံကြားလို့ လှည့်ကြည့်လိုက်တော့

ကျွန်တော့်အကြည်

ကြံရည်စိမ်းရောင် ချည်ဝမ်းဆက်လေးနဲ့ ကျွန်တော်မနက်ကပေးထားတဲ့ စံကားဝါပန်းကုံးလေးကို ခေါင်းမှာပန်ထားကာ အရှက်သည်းပြီး ကျွန်တော့်ကိုမကြည့်ရဲတဲ့ အကြည် ကျွန်တော့်ရဲ့စူးစိုက်ကြည့်မိတဲ့မျက်ဝန်းများနဲ့ သူမမျက်ဝန်းလေးများဆုံတော့ ထိတ်လန့်သွားပုံလေးက တကယ်ကို မပြောင်းမလဲအကြည့်ရဲ့ပင်ကိုယ်အူကြောင်ကြောင်ပုံစံလေးပင်

"လာ တက်လေ "

"အမ် အင်း "

စက်ဘီးနင်းနေရင်း နောက်ကငြိမ်ချက်သားကောင်းနေတဲ့ အကြည့်ကြောင့် ပြုံးမိသွားသည်
ကျောင်းစတက်တဲ့ ၈တန်းနှစ်ပထမဆုံးနေ့တုန်းကလဲ ကျွန်တော်ဒီကောင်မလေးကိုတင်နင်းပြီး ကျောင်းသွားခဲ့ရတယ် ထိုအချိန်တုန်းက အဲ့ကောင်မလေးက နောက်ကနေအငြိမ်မထိုင်ဘဲပေါက်ကရတွေပြောကာ ကျွန်တော့်ကို အနေခက်အောင် အချစ်သီချင်းပင် ငြီးလိုက်သေးသည်။
ဒီတစ်ခါတော့ ငါ့အလှည့်ပေါ့ အကြည်ရယ်

"အကြည်"

"ဟမ်"

"သေချာနားထောင်"

"ဘာကိုလဲ "

"အဘိဓမ္မာတရားမှာ အချစ်မှာနှေးကန်ရင်

ခံသွားနိုင်တယ် တစ်ယောက်ယောက်ကဝင်

လာပြီး လုသွားမှာလဲ ဒီကောင်လေး

ကြောက်နေတယ် ချစ်တဲ့သူမင်းဟာလေ

ဘုရားပေးတဲ့ဆုပါဘဲ အို ...မရှိမဖြစ်ဘူး "

ခပ်တိုးတိုးငြီးလိုက်တဲ့သီချင်းသံအဆုံး
ကျွန်တော့ကျောကုန်းကို ခပ်ဖွဖွရိုက်ချက်တစ်ခု ကျရောက်လာတော့သည်

"ဟဟ"

ခေါင်းမော့ကာ ရယ်မိပြီး သူ့အလှည့်ကျအရှက်သည်းနေတဲ့ ကောင်မလေးကို ကျေနပ်စွာစနောက်နေမိတော့သည်။

ညှို့မျက်ဝန်းရှင်ရယ်Donde viven las historias. Descúbrelo ahora