အပိုင်း(၁၀)

265 4 1
                                    

"ဒါလေးကို ဝ လုံးလို့ခေါ်တယ်
ဝိုင်းဝိုင်းလေးရေးနော်
ဒီဘက်ကအဖွဲ့က ဒါလေးကို တစ်မျက်နှာရေးထားမယ်နော်
ကဲ လာ ဒီတစ်ဖွဲ့
မနေ့က ဗျည်းတွေအကုန်ပြီးပြီဆိုတော့ ကလေးတို့ကို မမက A B Cသင်ပေးမယ် "

အသက်နည်းနည်းကြီးတဲ့ကလေးတွေနဲ့ ပိုငယ်တဲ့ကလေးတွေကို နှစ်ဖက်ခွဲထိုင်ခိုင်းပြီး စာသင်နေတဲ့ဆရာမလေး

"အဟွန်း ကလေးမ မောနေပြီလား "

"အယ် ဆရာလေး မောတာတော့မောတယ်
ဒီအဖွဲ့ဆို ဝ လုံးကို ၂ရက်သင်နေရတယ် မိအေးငယ်ငယ်တုန်းကထက် အဖြစ်ဆိုးနေနေပြီ"

"ဟားးး ဟားးး
ဒါပေမဲ့ ကလေးမက ဆယ်တန်းကို နှစ်ချင်းပေါက်အောင်တာဘဲကွာ တော်ပါတယ်"

"အမယ်လေး ဘယ်ကတော်ရမလဲ
နိုင်နိုင်က ဆယ်တန်းမအောင်ရင် မခေါ်တော့ဘူးပြောလို့ စာကျက်ခဲ့ရတာ
အဲ့နိုင်နိုင်ဟာလေ အရမ်းဆိုး "

ကလေးမရဲ့ စကားသံထဲ ပါလာတဲ့အမည်နာမတစ်ခုကြောင့် မြတ်မင်းဉာဏ် မချိပြုံးပြုံးမိသည်

"ကိုယ် ခဏထိုင်မယ်နော် "
ကလေးမရဲ့ ဘေးနားကို ထိုင်ခွင့်တောင်းတော့ ကိုယ်လေးရွေ့ကာ နေရာဖယ်ပေးသည်

"အယ် ရပါတယ် ထိုင်ပါဆရာလေးရဲ့ "

"ကလေးမ ကိုယ့်ကို ဆရာလေး ဆရာလေးနဲ့ ကြာရင် ကန်တော့ဆွမ်းပါဆိုတာများကြားရတော့မလား "

"အယ် အဲ့လိုမဟုတ်ပါဘူး မိအေးက ရိုသေသမှုနဲ့ ဆရာလေးကို ဆရာလေးလို့ခေါ်တာပါ "

"ရိုသေမှုထက် ကိုယ်က ရင်းနှီးမှုလိုချင်တာ "

"ရှင် "

"ကိုယ့်ကို နာမည်ဘဲခေါ်ပါလား ဆရာလေးက ကြားနေမကျလို့ "

"သြော် ဘယ်လိုခေါ်ရင်ကောင်းမလဲ မိအေးက နာမည်ပေးညံ့တယ်နော် နိုင်နိုင့်ကိုဆို ဖြူလုံးလို့နာမည်ပေးမိလို့ စိတ်ဆိုးသွားရော ဆရာလေးကိုတော့ ဘယ်လိုခေါ်ရမလဲ ကိုမြတ် ဟင့်အင်း မကောင်းဘူး
ကိုမင်း ကိုဉာဏ်"

"အစ်ကိုလို့ ခေါ်လေ ကိုယ်ကမင်းထက် အများကြီး ကြီးတယ် ကလေးမရဲ့ "

"ဟင် အဲ့လိုခေါ်ရမှာလား
ရတယ်လေ အစ်ကို့သဘော "

ဘာမသဘောမှမပါဘဲ ခပ်ပေါ့ပေါ့သာ ခေါ်လိုက်ပေမယ့် ကျွန်တော် ရင်ခုန်သွားရတာကိုတော့ ကလေးမက သိပုံမပေါ်

ညှို့မျက်ဝန်းရှင်ရယ်Where stories live. Discover now