အပိုင်း(၁၂)

293 2 0
                                    

ကလေးမ အဖေနဲ့ စကားကောင်းနေတုန်း
ထမင်းစားပွဲကြီးမ,လာတဲ့ ကလေးမကြောင့် လူကြီးစကားပြောလက်စကိုပင် အားမနာနိုင်ဘဲ အပြေးကူသယ်မိသည်

"ကလေးမကလဲ ဒီလောက်လေးတာကိုသယ်ချင်ရင် ကိုယ့်ကိုလှမ်းခေါ်မှပေါ့ကွ"

"အယ် အစ်ကိုက ဧည့်သည်ဘဲကို နေပါ
မိအေး နိုင်ပါတယ် "

"ပေးပါ ကိုယ်သယ်မယ်"

"အယ်"

စားပွဲကို လက်တစ်ဖက်တည်းနဲ့ ပုခုံးပေါ်တင်သယ်သွားတဲ့ အစ်ကို့ကိုလိုက်ကြည့်ပြီး မိအေးမှာ တအံ့တသြဖြစ်ကျန်ခဲ့ရသည်။
နိုင်နိုင်သာဆို "အကြည် ဟိုဖက်ကလာကူသယ်လေ "လို့ပြောမှာအသေအချာ ။
နိုင်နိုင်တို့က မိအေးကို ခိုင်းစားဖို့ဆိုအဲ့လို ။

"အစ်ကို စားနော် အားမနာနဲ့ "

စားပွဲဝိုင်းမှာ ဟင်းတွေကအပြည့်နဲ့ ကိုယ်တစ်ယောက်တည်း မိန့်မိန့်ကြီး ထိုင်စားနေရကာ ကလေးမက ဘေးကယပ်ခတ်ပေးနေသည်မို့ မြတ်မင်းဉာဏ်မှာ ထမင်းတောင်မြိုမကျတော့အောင် အနေခက်နေတော့သည်

"ဉီးလေးရော "

"အဖေက ကိုကြီးတို့အတွက် ထမင်းယူသွားရင်း ယာထဲမှာဘဲ တစ်ခါတည်းစားဖို့ သွားပြီ "

"ကလေးမရော စားပြီးပြီလား "

"ဟင့်အင်း မဆာသေးဘူး "

"မဆာသေးလဲ စားလိုက်ပါလား ကိုယ်တစ်ယောက်တည်းကျစားရတာ မမြိန်ဘူး"

"ဟင် အဲ့လိုလား အဲ့ဆို ခဏလေးနော် မိအေးလက်သွားဆေးအုံးမယ် "

"ဟုတ်ပါပြီဗျာ "

နဂိုတည်းက တစ်ယောက်တည်းစားတာအကျင့်ဖြစ်နေပေမဲ့ သူမလေးနဲ့ ထမင်းအတူတူစားရဖို့အခွင့်အရေးကို ဘယ်လက်လွှတ်ခံနိုင်ပါ့မလဲ

"အစ်ကို့ "

"ဗျာ "

ထမင်းပန်းကန်နဲ့ ဇလုံအသေးလေးတစ်ခုကို ကိုင်လာကာ တစ်ခုခုကိုပြောဖို့ ခပ်တွန့်တွန့် ဖြစ်နေတဲ့ကလေးမကြောင့် ကိုယ်ဘဲ အစပြုမေးလိုက်သည်

"ဟို အစ်ကို ငပိရည် စားလားဟင် "

"ဟင် စားတာပေါ့ ကလေးမရဲ့
ကိုယ်လဲ မြန်မာလူမျိုးဘဲကို ငပိရည်မကြိုက်ရှိပါ့မလား "

ညှို့မျက်ဝန်းရှင်ရယ်Where stories live. Discover now