အပိုင်း(၂)

871 38 21
                                    

အဲ့ဒီနေ့က နိုင်နိုင် စိတ်ဆိုးသွားလို့ မိအေးမှာ နေ့တိုင်းမုန့်မျိုးစုံယူလာပြီးချော့လိုက်ရတာမှလေ ......
နိုင်နိုင်တို့များယောကျ်ားလေးတန်မဲ့ မူချက် ပထမရက်တွေမှာ မိအေးယူလာတဲ့မုန့်ကျစားပြီး မိအေးကျစကားပြန်မပြောပါ။
တကယ် ရုပ်ကလေးချောသလောက် သိပ်စိတ်ပုတ်တဲ့
နိုင်နိုင် ရယ်ပါ။   နိုင်နိုင် .....နိုင်နိုင် အင်း.....သူခေါ်ခွင့်ပေးထားတဲ့နာမည်ပေါ့လေ။ဖြူလုံးဆိုတာ ကြောင်နာမည်နဲ့တူလို့မခေါ်ရပါဘူးတဲ့။အဲ့လိုခေါ်ရင် စကားပြန်မပြောတော့ဘူးလို့လည်းမိအေးကိုခြိမ်းခြောက်ထားသေးသည်။

"အကြည် နင်မပြီးသေးဘူးလားဟာ
ငါမစောင့်ဘူးနော်"

ဟော ကြီးပွားအုံးမယ် သူ့အကြောင်းတွေးနေတုန်းရှိသေး လာပါပြီ။
ကျောင်းစတက်တဲ့ရက်လေးအတူတူသွားချင်လို့ ခဏလေးစောင့်ခိုင်းတာကိုဒင်းက ဘဝင်ကိုင်နေလေသည်။မိအေးမပါဘဲ ကျောင်းရောက်တဲ့လမ်းတောင်သိမှာမဟုတ်ဘဲနဲ့များ။

"အကြည်ရေ!!!! "

"လာပြီ လာပြီလို့"

"အမေ့ထမင်းချိုင့်ပေးအုံး"

"ရော့ ကျေးဇူးရှင်မ ဟိုမှာ သားနိုင်နိုင်
စောင့်နေပြီမြန်မြန်သွား"

"ဟုတ်"

.

"နင့်စက်ဘီးရော လမ်းလျှောက်သွားမှာလား"

"မလိုဘူးလေ ငါကနင့်နောက်ကလိုက်မှာ"

"ဟာ မလိုက်ရပါဘူး ကိုယ့်ဘာသာသွား ငါနင့်ကို တင်မနင်းနိုင်ဘူး"

"လုပ်ပါဟာ နိုင်နိုင်ကလဲ ငါ့မှာထဘီနဲ့စက်ဘီးနင်းဖို့အဆင်မပြေလို့ပါ ဒီမှာကြည့် ထဘီကပြေချင်နေပြီ"

ပြောလဲပြော ထဘီကိုဖြည်ပြီး ကိုယ့်ရှေ့တင်ပြင်ဝတ်နေသည်မို့ ကိုယ့်မှာအမြန်အကြည့်လွှဲလိုက်ရသည်။
ဒီကောင်မလေးကတော့.....

"ကျွတ်စ် ကဲဟာ တက် တက် ဒါပေမဲ့ဒီတစ်ရက်ဘဲရမယ်နော်
နောက်နေ့ကျ စက်ဘီးနဲ့သွား မရရင်လှည်းနဲ့သွား"

"အေးပါ အေးပါ နင်ကလည်းလေ သူငယ်ချင်းအချင်းချင်းကို အရမ်းဘဲ....."

ညှို့မျက်ဝန်းရှင်ရယ်Onde histórias criam vida. Descubra agora