ကြီးကန်ရွာမှာအစည်ကားဆုံးက ဘာလဲဆို ဦးသာကြည်ရဲ့နှစ်စဥ်ဆွမ်းလောင်းအလှူပေါ့ ။
ထိုအလှူ၌ကား ရဟန်းသံဃာအပါး၁၀၀
လောက်ကို ဆွမ်းဟင်းအစုံအလင်နဲ့လောင်းလှူခြင်းဖြစ်သည်။တစ်ရွာလုံးမီးခိုးတိတ် ကျွေးမွေးတဲ့အပြင် ရွာနီးချုပ်စပ်ပါမကျန်
လာသမျှလူအကုန်ဧည့်ခံ၏။
ပျော်ဖို့အကောင်းဆုံးအချိန်ကား အလှူနေ့မတိုင်ခင်တစ်ရက်ဖြစ်သည်။ထိုနေ့တွင် မိအေးတို့အိမ်ဝိုင်း၌ လူအင်မတန်စည်၏။
ဆွမ်းဟင်းအတွက် အမေနဲ့မိအေးအပါအဝင် ရွာကပျိုမေတစ်သိုက်က ပြင်ဆင်လို့နေ၏။ ကိုကြီးကိုလေးနဲ့ ကာလသားတစ်သိုက်ကတော့ မီးဖိုနားမှာ ချက်ပြုတ်နေကြရင်း တစ်ယောက်နဲ့တစ်ယောက် လှမ်းစနောက်လို့နေကြသည်။
မိအေးတို့အသုံးကျဆုံးအချိန်ကိုပြောပါဆို ဒီအချိန်ပင်။တစ်ချိန်လုံး အိမ်ရဲ့မျောက်လောင်းဘွဲ့အမည်ခံသမျှ ဤအလှူချိန်မှာတော့ ကြိုးစားပမ်းစားကူညီရှာသည်။"ဗျို့ အရီးလေးရေ အကြမ်းရည်ကုန်ပြီ
ပေးပါအုံးဗျို့ ""မိအေး ရော့ အကြမ်းရည်နဲ့ထန်းလျက်ခဲဟိုဘက်ဝိုင်းကို သွားပို့ချေ "
"ဟုတ် အမေ့"
မိအေးတို့ စေတနာပိုချက်က ပဲကြီးလှော်တွေပါ ဆီစမ်းပြီး လင်ဗန်းထဲအပြည့် သွားချသည်။ဖွားလှက အကြည်တို့အိမ်မှာအလှူရှိတယ် သား သွားကူချေဆိုပြီး တွန်းလွှတ်လို့
ရောက်လာတဲ့ နိုင်ဇေယျာမင်း
မိန်းကလေးတွေထိုင်နေတဲ့ထဲ အကြည့်ကိုရှာပေမဲ့မတွေ့။ မယ်မင်းကြီးမက ကာလသားတွေကြားထဲ တဟီးဟီးတဟားဟားနဲ့ ပါးစပ်ကလဲအစားမပျက် အုပ်စုဖွဲ့ထိုင်နေသည်။ထိုဝိုင်းထဲ သူ့အစ်ကိုတွေပါပေမဲ့လည်း နိုင်ဇေယျာမင်းမှာ စိတ်မချနိုင် သွားဆွဲထုတ်လာရသည်။"အကြည် ထ လာ ငါ့နောက်လာခဲ့အုံး "
"အယ် နိုင်နိုင့် နင်လာတယ်လား "
"ငါဟိုမှာ စကားပြောလို့မပြီးသေးဘူး ဘာဖြစ်လို့လဲ "
"ငါ ...ငါ ဗိုက်ဆာလို့ "
"ဟင် နင်အိမ်က လာတာမဟုတ်ဘူးလား "
"ဟုတ်တယ် ဘာလဲ နင်က ဟိုလူတွေကျ မုန့်ကျွေးပြီး ငါ့ကျမကျွေးဘူးလား "
VOCÊ ESTÁ LENDO
ညှို့မျက်ဝန်းရှင်ရယ်
Romance"ချစ်တဲ့အကြောင်းတွေ ပြောလွန်းလွန်းတဲ့ မောင့်ကိုပင်......." အမယ်လေး တကယ်က ဒီက မိအေးကဘဲ ပြောနေရတာပါနော် (အေးမြသာကြည်) နင်က ငါ့အချစ်တွေကို မြင်မှမမြင်ဘဲကို အကြည်ရဲ့ ....... (နိုင်ဇေယျာမင်း)