အပိုင်း(၁၃)

744 41 24
                                    

ရာသီတွေ တစ်ခုပြောင်းသွားဖို့ မိအေးမှာနေ့ရက်တိုင်းမျှော်လင့်ခဲ့ရသည်။
ရာသီစက်ဝန်းတစ်ခုပြောင်းသွားတဲ့အချိန်က နိုင်နိုင် မိအေးဆီ ပြန်လာတတ်တဲ့အချိန်ပေါ့။ ထိုအချိန်လေးအား မိအေးမှာ
မျှော်လင့်ရင်း မျှော်လင့်ရင်း စောင့်စားရင်းနဲ့ အချိန်တွေကြာမြင့်လာသင့်တိုင်အောင် လွမ်းဆွေးရခြင်းနဲ့ အသားမကျသေးခဲ့ . . . . . .

အခုတလော မိအေးရဲ့ ဖြူလုံးလေးက မိအေးကို စိတ်ဆိုးသွားခဲ့သည်။အကြောင်းကတော့ မိအေး ဆံပင်ညှပ်လိုက်မိခြင်းကြောင့် ။မိအေးမှာ ယာအလုပ် လုပ်နေရသူမို့ တင်ပါးရောက်တော့မဲ့ ဆံပင်ရှည်တွေက မိအေးအတွက်တော့ အင်မတန်စိတ်ရှုပ်လာရတော့၏။ ဆံထုံးထုံးတဲ့အခါ ဆံပင်အုံထူပြီး ရှည်တဲ့သူမို့ ခေါင်းကြီးလေးလာကာ
ဇက်ကြောများပင် တက်လာတော့သည်။
မိုးခေါင်ရေရှားတဲ့ အညာဒေသကြီးမှာ မိအေးမှာ တစ်ပတ်ကို နှစ်ခါခေါင်းလျှော်ရသည် ။မလျှော်နိုင်တဲ့အပတ်တွေဆို တစ်နေ့လုံး စိတ်မကြည်သည်ထိ ငြီးစီစီဖြစ်ရသည်မို့ ပုံခုံးပေါ်ဝဲယုံလောက်ထိ ညှပ်ပစ်လိုက်သည်။ မိအေးဘဝမှာ နိုင်နိုင်မသိဘဲ ပထမဆုံး လုပ်သည့်ကိစ္စလဲဖြစ်ရာ
တကယ်တမ်း ပြောပြလိုက်တဲ့အချိန်မှာတော့ နိုင်နိုင်က အကြီးအကျယ် စိတ်ဆိုးသွားကာ မိအေး စာဘယ်လောက်ပို့ပို့ စာကိုမပြန်တော့ပါ။

လက်ပံပင်အောက်ထိုင်ကာ ကိုယ့်ဆံပင်လေးကိုယ် ကိုင်ရင်း အတွေးများနေတဲ့အချိန် ရင်းနှီးနေတဲ့အသံတစ်ခုက မိအေးကို ခေါ်ဆိုလာခဲ့သည် ။

"ဟိတ် ကလေးမ "

"မင်းက ဒီရောက်နေတာကိုး ကိုယ့်မှာ ရှာလိုက်ရတာ "

"မိအေးကို ဘာလို့ရှာတာလဲ အစ်ကိုရဲ့ "

"ဒီမှာလေ အုန်းနို့သာကူ ကျောင်းသားမိဘအိမ်က လာပို့လို့ ကလေးမကို ကျွေးဖို့ လိုက်ရှာနေတာ "

"ဟူး.........မောလိုက်တာကွာ "

ပြောပြောဆိုဆိုနဲ့ ဝင်ထိုင်လိုက်သည်က
မိအေးရဲ့ ဘေးကပ်လျက်က သစ်ငုတ်တိုလေးဆီ ။ထိုနေရာလေးက မိအေးအတွက်တော့ ပိုင်ရှင်ရှိသောကြောင့် ဟန့်တားချင်ပေမဲ့ ကိုယ်စားဖို့ တကူးတက မုန့်လာပေးတဲ့သူ တစ်ခြားသူလဲမဟုတ် အစ်ကိုမလို့ ထိုင်နေရာက ဖယ်ခိုင်းဖို့ မသင့်တော်တာမလို့ ထားလိုက်တော့သည်။
' ဘာဘဲဖြစ်ဖြစ် တစ်ခြားသူတွေအတွက်တော့ လက်ပံပင်ရဲ့ သစ်ငုတ်တို သက်သက်ပါဘဲ '

ညှို့မျက်ဝန်းရှင်ရယ်Where stories live. Discover now