အပိုင်း(၆)

666 39 8
                                    

ရန်ကုန်မြို့ရဲ့ မနက်ခင်းဟာ ရွာဇနပုဒ်လေးနဲ့ လားလားမှမဆိုင်စွာ စက်အင်ဂျင်သံများ လမ်းထဲက " ပဲပြုတ် "ဆိုပြီး သံရှည်ဆွဲအော်သွားတဲ့ ပဲပြုတ်သည်အန်တီကြီးရဲ့ အသံ ဆိုက်ကားသမားဦးလေးကြီးများ၏ 'ကလင် ကလင် 'ဆိုသည့် အသံများ မြင်းလှည်းသမားတို့၏ မောင်းနှင်သံများဖြင့် အသက်ဝင်လို့နေသည်။
သို့သော် နေမင်းကြီး၏ တူညီသောစက်ဝန်းမှာတော့ ကျရောက်လို့နေပါ၏။
မနက်မိုးလင်းတာနဲ့ ရန်ကုန်တက္ကသိုလ်
ရာမညဆောင်ကတော့ ကျောင်းသွားခါနီး ပြင်ဆင်နေသောအသံများဖြင့် ဆူညံလို့နေသည်။

"ဟေ့ကောင် နိုင်ဇေယျာမင်း
မင်းလဲ ပုဆိုးအပြာတွေဝတ်လှချည်လား မနေ့ကလဲအပြာ ဧကန်န မင်းမလျှော်ရသေးတာလား "

နိုင်ဇေယျာမင်း မျက်မှောင်ကြုတ်ကြည့်လိုက်တော့ အခန်းဖော်လဲဖြစ်  တစ်ဦးတည်းသော သူငယ်ချင်းလဲဖြစ်တဲ့ တောင်ပေါ်သား
စိုင်းဝဏ္ဏကျော်ထင် က ခပ်ကြဲကြဲရယ်လို့နေသည်

"အကြည်က ပုဆိုးအပြာတွေချည်း ပို့ထားလို့ "

လာပြန်ပြီ အကြည်
ကိုယ်တိုင်မမြင်ဖူးပေမဲ့လို့ နိုင်ဇေယျာမင်းရဲ့ အပြောတွေထဲမှာ မကြာခဏကြားရတတ်တဲ့ အမည်နာမတစ်ခု။
အကြည် ဝယ်ပေးထားတာ ။အကြည့်ဖို့။
အကြည်က စားဖို့ပို့လိုက်တာဆိုတဲ့ ပေါက်ပေါက်ဆုပ် ပဲချောင်း ထန်းလျက် မြေပဲဖုတ် အို အညာစာတွေကတော့စုံလို့ ။

"အကြည်က ချောလားကွ
​ဒီလောက်ဂရုစိုက်တတ်တဲ့ မဒီလေးကို ငါတော့တွေ့ဖူးချင်လာပြီ"

သတ်တော့မလိုဖြတ်တော့မလိုကြည့်လာတဲ့ နိုင်ဇေယျာမင်းမျက်လုံးများကြောင့် ဝဏ္ဏမှာ ကျောချမ်းသွားရသည်

"အကြည်လို့မခေါ်နဲ့  သူ့နာမည်က အေးမြသာကြည် "

"အို ဟိုးး ဟုတ်ပါပြီ ဟုတ်ပါပြီ "

"လာကွာ မနက်စာသွားစားစို့ "

ဝဏ္ဏက ပုခုံးဖက်ကာခေါ်တော့ နိုင်ဇေယျာမင်း ဖယ်မချဘဲ ခေါ်ရာနောက် အသာလိုက် လိုက်တော့သည်။

ဤခေတ် ဤအခါ၌တက္ကသိုလ်ကျောင်းသားဆိုသည်မှာ အလွန်ရှားပါး၏။
မြို့တစ်မြို့မှာ ဆယ်တန်းအောင်မြင်သူဟူ၍ ဆယ်ဂဏန်းလောက်သာရှိသည်။
မိသားစုတစ်စုမှာ ပညာတတ်ဘွဲ့ရတစ်ယောက်ရှိလျှင်ပင် တစ်မိသားစုလုံး ဂုဏ်တက်သည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများအား အထူးပင်ဂရုစိုက်လေသည်။ ထမင်းစားဆောင်မှာ မနက်ခင်းဆို ပဲပြုတ်ထမင်း လက်ဖက်ရည်နဲ့မုန့် မုန့်ဟင်းခါး ခေါက်ဆွဲ စသဖြင့် ဖွယ်ဖွယ်ရာရာအပြည့်ပင်။ကျောင်းသားတိုင်းက ကိုယ်နှစ်သက်တာကို ရွေးချယ်စားသောက်လို့ရသည်။

ညှို့မျက်ဝန်းရှင်ရယ်Where stories live. Discover now