အပိုင်း(၇)

661 43 5
                                    

ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်တာနဲ့ မိအေးတို့အကျင့်ပါနေကာ ကိုယ့်ရပ်ရွာမဟုတ်သော်လည်း နိုးနေပြီဖြစ်သည်။ ဘုန်းဘုန်းတို့က မနက်စာပါကျွေးနေသည်မို့ မိအေးတို့မှာ အားနာရပြန်သည်။ မနက်ပိုင်း နိုင်နိုင်က လာခေါ်မည်ပြောထားသောကြောင့် နိုင်နိုင်ပို့ထားတဲ့အဝတ်စတွေကို ချုပ်ထားတဲ့ အထည်တွေထဲက ဘာဝတ်ရမလဲ မိအေးမှာ တစ်ယောက်တည်း တိုင်ပတ်နေတော့သည်။

"ကမ်းစပ် တို့ဟာကမ်းစပ် မင်းဟာ ရေလှိုင်းလေးပေါ့အချစ်ရယ် ရေလှိုင်းလေးပေါ့အချစ်ရယ် ဟူ ဟူ ဟူးး"

သီချင်းလေး ခပ်ညည်းညည်းနဲ့ ရွာကထည့်လာတဲ့ ရှင်မတောင် သနပ်ခါးတုံးကြီးကို အပီအပြင်သွေးကာ ဖွေးနေအောင် လိမ်းတော့သည်။ ဆံပင်လေး နှစ်ဖက်ခွဲစည်းကာ အပေါ်က ပိတ်ဖောက်ဇာ လိမ္မော်အနုလေးကိုမှ အောက်က ပိတောက်ခြောက်ရောင် ထဘီပြောင်လေးနဲ့ မိအေးမှာ တစ်ကိုယ်လုံးဝါဝါဝင်းဝင်းနဲ့ ပျားပိတုန်းလေးနှယ် ဖြစ်နေတော့၏။

အဖေကလဲ ရန်ကုန်က မတွေ့တာကြာတဲ့ သူ့အသိဆီဆက်သွယ်ထားကာ သွားလည်ဖို့ စီစဥ်ထားသည်မို့ မိအေးနဲ့က လမ်းကြောင်းမတူပါ။

"အဖေ့"

"ဟေ သမီးငယ် "

"ဟီးဟီး "

ဘာမှမပြောသေးဘဲ ကြိုပြီးသွားဖြီးပြနေတဲ့မိအေးကို ဦးသာကြည်တို့ အထာပေါက်လိုက်၏။

"ဘာလိုချင်လို့တုန်း "

"ဟီးဟီး မုန့်ဖိုးလေးပေးပါအုံး နိုင်နိုင်နဲ့မုန့်စားချင်လို့ "

"ကဲ ရော့ ဗျာ "

အဖေမှ ငါးကျပ်တန် ထုတ်ပေးလေတော့
မိအေးပါးစပ်နားရွက်တက်ချိတ်တော့မတတ်ပင်ဖြစ်သွားသည်

"အယ် အများကြီးပဲတော့ ဒါအကုန်သုံးလို့ရလားဟင် "

"ဖေ့သမီးသဘောလေ
ဒါပေမဲ့ သမီးငယ် ညနေမစောင်းခင် အရောက်ပြန်လာရမယ်နော် "

"ဟုတ် ဟုတ်
ဟီးဟီး အဲ့ကြောင့် အဖေ့ကိုချစ်တာ "

"သွားပါ အာပလာမလေး "

.

မိအေးပြင်ဆင်ပြီး ဘုန်းကြီးကျောင်းထိပ်လေးရပ်စောင့်နေချိန် မြင်ကွင်းထဲ အနက်ရောင် ကတ္တီပါလေးစီးထားတဲ့ ခြေဖမိုး​ဖြူဖြူလေးက ဝင်ရောက်လို့လာ၏။

ညှို့မျက်ဝန်းရှင်ရယ်Where stories live. Discover now