Part1

84.5K 3.6K 213
                                    


"crushကိုဘယ်လိုအပိုင်ရအောင်လုပ်ရမလဲ "

" ဆေးခတ်​ပြီးအပိုင်သိမ်းလိုက်ကွာ..."

" အဟွတ်ဟွတ်...အဟွတ် "

တိမ်လွှာဘုန်းမြင့်တစ်ယောက်သူငယ်ချင်းဖြစ်သူမင်းထင်အပြောကြောင့်သောက်နေတဲ့ဘီယာတောင်သီးသွားသည်။အဲ့လောက်လွယ်ရလား အဖြေက။

" သေမလို့သောက်နေတာ သီးပြီလား ဒါလေးပြောတာကိုယောကျာ်းဘဲ လုပ်ပစ်လိုက်စမ်းပါ..."

" အေးငါကယောကျာ်းလေ ဒါပေမဲ့ငါကြိုက်နေတဲ့သူကလဲယောကျာ်းဘယ်လိုသွားပြီး သွားလုပ်ရမှာလဲပြော..."

" ဘာယောကျာ်းကြီး!!! "

" ဘာယောကျာ်းကြီး!!! "

တိမ်လွှာအပြောအဆုံးအရှေ့ကသူငယ်ချင်းမင်းထင်နဲ့စေရာမှာတအံတသြ။နင့်တို့အဖေလင်ယူရင်ဘယ်လိုနေမလဲစဥ်းစားလေ

" ဟာငါတို့နားကြားမှာတာထင်ပါတယ်ကွာ Djသံကအရမ်းကျယ်လို့ထင်တယ် မယုံဘူးမယုံဘူး။ "

" ဟုတ်တယ်ဟုတ်တယ် ငါတို့နားကြားမှားတာနေမှာ..."

သူငယ်ချင်းနှစ်ယောက်ကအူတူတူနဲ့တောင်ကြည့်မြောက်ကြည့်ပြောလာတာမို့တိမ်လွှာသက်ပြင်းသာချမိသည်။တကယ်ပြောနေတာမယုံဘူး။

ငြိမ်ကျသွားတဲ့တိမ်လွှာကြောင့်စနောက်နေတဲ့မင်းထင်နဲ့စေရာလဲဆက်မစတော့ဘဲငြိမ်နေလိုက်ကြသည်။သူတို့သိတာပေါ့သူတို့သူငယ်ချင်းဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာ...အခုသူကြိုက်နေတယ်ဆိုတဲ့လူကသူ့အဖေလုပ်ငန်းကအကြီးအကဲရဲ့သား။

နာမည်က စိုင်းစစ်ဂုဏ်ရှိန်တဲ့။နာမည်နဲ့လိုက်အောင်တည်ကြည်တယ် အနေအေးတယ်။မိန်းမ ကိစ္စ ဘာညာအကုန်ရှင်းတယ်။ပြီးတော့သူကဒီနိုင်ငံရဲ့အချမ်းသားဆုံးTop 5ထဲကတစ်ယောက်။တစ်ဦးတည်းနေတတ်ပြီးချေတေတေလူကိုမှသွားကြိုက်တဲ့သူကတော့သူတို့သူငယ်ချင်းတိမ်လွှာသာ။

မြင်မြင်ချင်းသဘောကျသွားတယ်လဲဆိုဘဲ။

သူတို့နှစ်ယောက်ရဲ့ကွာခြားချက်ကတော့အခုဘားမှာရောက်နေတဲ့တိမ်လွှာကိုကြည့်ရုံနဲ့သိနိုင်သည်။တိမ်လွှာကမအေမရှိကတည်းကအဖေနဲ့နေရတာမို့ဆိုးသွမ်းကာဂျစ်ကန်ကန်လဲဆန်သည်။လူကောင်ကသာသေးသေးကွေးကွေးလေးနဲ့ချစ်ဖို့ကောင်းမလိုနဲ့လက်သန်ပြောင်လွန်းလို့မင်းထင်နဲ့စေရာတောင်အရှုံးပေးထားရလေသည်။သူတို့သုံးယောက်လုံးကသိပ်ချမ်းသာတဲ့လူတွေမဟုတ်ပေမဲ့သုံးနိုင်ဖြုန်းနိုင်တဲ့အနေအထားကိုယ်စီဖြင့်သာ။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now