Part6

39.4K 2.5K 368
                                    

Uni

စိုင်းစစ်တကယ်မျက်စိနောက်နေတာအမှန်ပင်။ထမင်းစားပြီးလို့ဧည့်ခန်းထဲမှာအလုပ်အေးဆေးလုပ်နေပါသည်ဆိုဘေးလာပြီးအသံကျယ်ကြီးဖြင့်ဂိမ်းလာဆော့နေသူ။ပါးစပ်ကလဲပွစိပွစိနဲ့ရှုံးလို့တော့မဟုတ်။ပုခုံးပေါ်ကျကျနေတဲ့အကျီကြောင့်ပင်။

" ငါယိုးမအကျီကတစ်မျိုး...ကျစ်...ဟားးး "

အလုပ်ကမနက်ဖြန်ဆိုအစည်အဝေးမှာတင်ပြဖို့အချက်အလက်တွေစုနေပါတယ်ဆိုမှဘေးကနေလာပြီးပကျိပကျိလုပ်နေသူကြောင့်စိုင်းစစ်သက်ပြင်းချမိသည်။

" ဟင် ကိုကို..."

" ငြိမ်ငြိမ်နေ..."

တိမ်လွှာဂိမ်းဆော့နေရင်းသူ့နောက်ကိုရောက်လာကာပုခုံးပေါ်ကျနေတဲ့အကျီစကိုလာဆွဲသူကြောင့်အသံပြုမိတော့ငြိမ်ငြိမ်နေရန်ပြောလာသူ။

လက်ထဲမှာလဲအကျီညှပ်ကလေးတစ်ခု။ပုခုံးပေါ်ကျနေတဲ့အစလေးကိုစုယူလို့ညှပ်ကလေးဖြင့်အနောက်မှာညှပ်ပေးလာတာကြောင့်အကျီကရင်မဟိုက်တော့ဘဲအနေတော်ဖြစ်သွားသည်။

" ကိုကို!! "

" မြင်ရတာမျက်စိနောက်တယ် ဘေးမှာထိုင်မယ်ဆိုလဲပါးစပ်ကလေးပိတ်ထား "

ဟုဆိုကာနေရာတကျပြန်သွားထိုင်လို့သူ့အလုပ်သူလုပ်နေသူကိုကြည့်ကာတိမ်လွှာပြုံးမိသည်။ကိုကိုကသူ့ကိုသိပ်ဂရုစိုက်တာဘဲ...ဟားးးညားတော့မယ်ထင်တယ်။

( ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်တဲ့ချစ်သား)

" ကိုကို...မေးစရာရှိတယ်...ကိုကိုကဘာအလုပ်လုပ်တာလဲဟင်..."

" ဘိန်းရောင်းတာ "

အတည်မေးတာကိုရွဲ့တဲ့တဲ့ဖြေလာသူကြောင့်တိမ်လွှာဆူပုတ်ပုတ်ဖြစ်မိသည်။

" အတည်မေးနေတာကိုသိချင်လို့ပါဆိုနေ ကိုကို့ကိုကြည့်တိုင်းအမြဲအလုပ်ရှုပ်နေတာ..."

ဂိမ်းဆော့နေရင်းကိုကိုအနားကိုကပ်သွားကာမျက်စိကလဲစာရွက်စာတမ်းတွေကိုကြည့်ရင်းမေးလိုက်တာကြောင့်ကိုကိုကသူ့အားစွေကြည့်လာကာပြန်ပြီးအမေးထုတ်လာလေသည်။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now