Uni
တစ်ညလုံးကိုကိုနဲ့ဆိုဖာပေါ်မှာအိပ်နေပေမဲ့မိုးလင်းလာတဲ့အခါမှာတော့နှစ်ယောက်လုံးကုတင်ပေါ်ကိုရောက်သွားကြလေသည်။သေချာတာကတော့နိုးနေတဲ့စိုင်းစစ်ကသူ့ကလေးအားချီကာသူပါကုတင်ပေါ်ဝင်အိပ်ခြင်းဖြစ်မည်။
" အ အားး "
တိမ်လွှာတစ်ယောက်အိပ်ချင်မူးတူးဖြင့်ထကာထုံကျင်လာတဲ့ခြေထောက်ကိုဖိမိရင်းညဥ်းမိသည်။
" ဟင့် ကိုကိုထပါအုံး တိမ်လွှာ့ခြေထောက်နာလို့ "
" ဟင် ဘာဖြစ်လို့လဲ ဘယ်နားကလဲ!! "
တိမ်လွှာဘေးကကိုကို့အားလှုပ်နှိုးလိုက်တော့ကိုကိုကအိပ်ချင်မူးတူးဖြင့်ကမမ်းကတမ်းထလာကာတိမ်လွှာအားအမေးပြုလာလေသည်။
" နာတယ် ဟင့် "
" အေးပါအေးပါ ငြိမ်ငြိမ်နေ ကိုယ်နှိပ်ပေးမယ်...ကြွက်တက်တာနေမယ် တော်သေးတာပေါ့နိုးလာလို့..."
စိုင်းစစ်ကုတင်ပေါ်ထထိုင်ကာသူ့ပေါ်ပေါ်ကလေးငယ်ခြေထောက်လေးဆွဲတင်လို့အသာလေးနှိပ်ပေးမိသည်။ဟင်းဒီကလေးနဲ့တွေ့မှသူလဲအနှိပ်သည်ကိုဖြစ်လို့...
" ကန်တော့နော်ကိုကို..."
" အခုမှငရဲကြီးမှာကိုသတိရတယ်ပေါ့လေ...သက်သာရဲ့လား ရုတ်တရက်ကြီးဘာလို့ထဖြစ်ရတာလဲ ချွေးတွေလဲစို့လို့။ "
သက်သာကြောင်းခေါင်းငြိမ့်ပြတော့ပေါ်ချွေးစလေးတွေကိုသုတ်ပေးလာတဲ့ကိုကိုကမျက်မှောင်တွေအကျုံ့သားဖြင့်စိတ်ပူတကြီး။
" နိုးလာပြီဆိုတော့ဗိုက်ဆာလား ခေါက်ဆွဲပြုတ်သောက်မလား။ "
" ကိုကိုကပြုတ်တတ်လို့လား..."
" စားလို့တော့ရပါတယ် ကောင်းလားမကောင်းလားတော့အာမမခံဖူးပေါ့..."
ကိုကိုရဲ့အပြောကိုကြည့်ပြီးတိမ်လွှာခပ်ဟဟသာရယ်မိသည်။ကိုကိုကပြုတ်ပေးမယ်ဆိုတော့လဲဘယ်ငြင်းရက်ပါ့မလဲ နှစ်ယောက်သားညဘက်ကြီးအောက်ထပ်ကမီးဖိုချောင်ကိုဆင်းလာကြကာဟိုလှန်ဒီလှန်ဖြင့်။
ည၂နာရီလောက်မို့အိမ်ကအစေခံတွေဟာလဲအိပ်နေကြပြီမို့ကိုကိုကမနှိုးဘဲသူကိုအောက်ထပ်ကမီးဖိုချောင်ထဲကိုတွဲခေါ်လာကာခေါက်ဆွဲပြုတ်ရန်ပြင်လေသည်။နှစ်ယောက်တည်းမို့မီးဖိုခန်းထဲကမီးလုံးလေးတစ်လုံးသာထိုးထားတာကြောင့်ဘေးဘီကမှောင်နေလေသည်။ကိုကိုကစားပွဲဝိုင်းမှာထိုင်ခိုင်းပေမဲ့လဲကလေးဆိုတော့ကြောက်တတ်တဲ့တိမ်လွှာကကိုကို့နောက်မှာကပ်လို့။
![](https://img.wattpad.com/cover/329471832-288-k307266.jpg)
VOUS LISEZ
ငယ်သူမို့....ဆိုး ( completed )
Fantasy( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...